News @ M-Media

ချယ်ဆီးတိုက်စစ်မှူးဟောင်း ရှရဲလ် ပရီးမီးယားလိဂ်ဆုတံဆိပ် ရမည်

မေ ၁၅၊ ၂၀၁၅
M-Media

chelsea

– ၀ုလ်ဖ်ဘတ်အသင်းတွင် ကစားနေသည့် ချယ်ဆီးကစားသမားဟောင်း အန်ဒရေ ရှရဲလ်က မော်ရင်ဟိုမှာ ချယ်ဆီးအသင်း၏ ချန်ပီယံဆွဲပြားတစ်ခုကို ချီးမြှင့်မည်ဖြစ်ကြောင်း မိမိအားအကြောင်းကြားခဲ့သည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇန်န၀ါရီ အပြောင်းအရွှေ့က ၀ုလ်ဖ်ဘတ်သို့ ပြောင်းသွားသည့် ရှရဲလ်မှာ ပထမရာသီဝက်တွင် ချယ်ဆီးအသင်း၏ ပွဲများ၌ ပါဝင်ကစားခဲ့ရသည်။ ရာသီအစတွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ခြေစွမ်းကျဆင်းခဲ့ပြီး ရှရဲလ်ကမူ ကမ္ဘာ့ဖလားဒဏ်ကြောင့် ဖြစ်သည်ဟု ဆိုသည်။

“ဒုတိယရာသီဝက်က ပွဲအများစုကို မကစားခဲ့ဘဲနဲ့ ဆုတံဆိပ်ရမယ်လို့ ကျွန်တော် မထင်ခဲ့ပါဘူး။ ဂျိုဆေးမော်ရင်ဟိုက ကျွန်တော့်ဆီကို မက်ဆေ့ခ်ျပို့ပြီး ကျွန်တော် ဆွဲပြားရမယ်လို့ ပြောပါတယ်။ ပြီးတော့ အသင်းရဲ့ နောက်ဆုံးပွဲကို လာကြည့်ဖို့လည်း ပြောပါတယ်။ ဒါဟာ ကျွန်တော့်အတွက်တော့ ပျော်စရာပါပဲ” ဟု ရှရဲလ်က BBC သို့ ပြောကြားခဲ့သည်။

ထို့ပြင် ချယ်ဆီးကစားသမားများမှာ ဒုတိယရာသီဝက်တွင် အလွန်ကောင်းခဲ့ပြီး ၎င်းတို့အတွက် ပျော်ရွှင်မိကြောင်း၊ မိမိမှာ ဆုတံဆိပ်ရမည်ဖြစ်သော်လည်း ၎င်းတို့သာလျှင် ဗိုလ်စွဲအောင် လုပ်ခဲ့ခြင်းဖြစ်ကြောင်း ရှရဲလ်က ထပ်လောင်းပြောကြားခဲ့သည်။

“ကျွန်တော် ချယ်ဆီးကို ချစ်နေတုန်းပါပဲ။ ကျွန်တော် စိတ်မပျက်ပါဘူး။ အတွေ့ကြုံကောင်းတွေ ရခဲ့ပါတယ်”

ချယ်ဆီးမှာ ပွဲစဉ် ၃၅ ပြီးကတည်းက ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့သော်လည်း ပွဲစဉ် ၃၈ အပြီးမှာ ဆုဖလားကို လက်ခံရမည်ဖြစ်သည်။

Ref: Goal

Comments

Leave a Reply