မေ ၂၁၊ ၂၀၁၅
M-Media
– လွန်ခဲ့သည့် ၂ နှစ် ဂွာဒီယိုလာ ရောက်ရှိလာပြီးနောက်ပိုင်း အသင်းမှာ တိုးတက်လာခဲ့သည်ဟု ဘိုင်ယန်မြူးနစ်အသင်း၏ ကွင်းလယ်လူ အာဂျန်ရော်ဘင်က ပြောကြားလိုက်သည်။
ဂွါဒီယိုလာမှာ ယခုနှစ်တွင် အသင်းအား ဘွန်ဒစ်လီဂါချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွင် ထွက်ခဲ့ရမှုအတွက် ဝေဖန်မှုများ ခံနေရသည်။ ၎င်း၏ စာချုပ်မှာလည်း တစ်နှစ်သာ ကျန်ရှိတော့ပြီး ရော်ဘင်ကမူ ဂွါဒီယိုလာအား အသင်း၌ ဆက်လက်ရှိနေစေချင်သည်။
“သူက စူပါနည်းပြတစ်ဦးဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ကို အသင်းတစ်သင်းလို ပိုပြီး တိုးတက်စေခဲ့ပါတယ်။ နောက်ထပ် ၂ နှစ် ၃ နှစ်လောက် သူနဲ့ ဆက်လက် အလုပ်လုပ်ရရင် ကျွန်တော်ပျော်မိမှာပါ။ လာမယ့်နှစ်မှာ ကျွန်တော်တို့ အောင်မြင်မှာပါ။ ကျွန်တော် ယုံကြည်နေပါတယ်” ဟု ရော်ဘင်က ပြောကြားခဲ့သည်။
ထို့ပြင် ရော်ဘင်မှာ ဘိုင်ယန်တွင် နေရာပျောက်နေသည့် အလယ်တန်းလူ မာရီယို ဂေါ့ဇီကိုလည်း ထောက်ခံခဲ့သည်။
“သူ ဒါကို ကျော်လွှာရမှာဖြစ်ပြီး တိုက်ပွဲဝင်သွားရမှာပါ။ သူဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ခေါင်းတိုက်ချက်ကလည်း နေရာမှန်မှာ ရှိပါတယ်။ သူ့မှာ အရည်အချင်းရှိပြီး ဒါကို လုပ်နိုင်ပါလိမ့်မယ်”
Ref: Goal


Leave a Reply
You must be logged in to post a comment.