မေ ၂၆၊ ၂၀၁၅
M-Media
– ပရီးမီးယားလိဂ် ကလပ်အသင်းများက စိတ်ဝင်စားနေသော်လည်း မိမိအနေဖြင့် လာမည့်ရာသီတွင် ရီးယဲလ်ဆိုစီဒက်၌သာ ဆက်ရှိနေမည်ဟု မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ်က ပြောကြားလိုက်သည်။
မိုယက်စ်မှာ နိုဝင်ဘာလက ဆိုစီဒက်နည်းပြ ဂျာဂိုဘာ အာရာဆာတေးနေရာ၌ အစားဝင်ရောက်ခဲ့ပြီးနောက် ဆီုစီဒက်အသင်းအား အဆင့် ၁၂ ဖြင့် ရာသိမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့သည်။
သို့သော်လည်း ပရီမီးယားလိဂ်တွင် ရုန်းကန်ခဲ့ရသည့် နယူးကာဆယ်နှင့် ၀က်စ်ဟမ်းအသင်းများက မိုယက်စ်အားခေါ်ယူရန် စိတ်ဝင်စားနေပြီး ၎င်းကမူ မိမိနေဖြင့် စပိန်တွင်သာပျော်သည်ဟု ပြောကြားခဲ့သည်။
“လာမယ့်နှစ်မှာ စပိန်မှာပဲ ဆက်ရှိနေမယ်လို့ ကျွန်တော် လူတိုင်းကို ပြောထားပါတယ်။ စပိန်ကို မရောက်ခင် အင်္ဂလန်မှာနေဖို့ ကျွန်တော် အခွင့်အလမ်းတွေ အများကြီးရခဲ့ပါတယ်။ ကျွန်တော် စပိန်ကိုသွားပြီး အလုပ်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ” ဟု မိုရက်စ်က Sky Sports သို့ ပြောကြားခဲ့သည်။
ဖာဂူဆန်၏ အကြံပေးချက်ဖြင့် မိုယက်စ်အား မန်ယူက နည်းပြအဖြစ် ခန့်အပ်ခဲ့သော်လည်း မန်ယူအား ရလဒ်ကောင်းများ ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း မရှိချေ။
မိုယက်စ်ကမူ မိမိအနေဖြင့် မတူညီသောအရာ၊ ယဉ်ကျေးမှုအသစ်တို့ကို မြည်းစမ်းချင်ပြီး မတူညီသော ကစားသမားဖြင့် အလုပ်လုပ်ချင်ကာ လာလီဂါတွင် မည်သို့ အလုပ်လုပ်ကြသည်ကို ကြည့်ချင်သည်ဟု ပြောကြားခဲ့သည်။
“ဆိုစီဒက်ဟာ ကြီးကျယ်တဲ့ကလပ်ပါ။ ကျွန်တော်လည်း ပျော်ရပါတယ်”
Ref: Goal


Leave a Reply
You must be logged in to post a comment.