ဇွန် ၃၊ ၂၀၁၅
M-Media
– မိမိတို့အသင်းက ကမ်းလှမ်းခဲ့သော်လည်း ရီးယဲလ်နည်းပြဟောင်း အန်ဆယ်လော့တီက ငြင်းပယ်ခဲ့သည်ဟု အေစီမီလန်အသင်းက ပြောကြားလိုက်သည်။
အသက် ၅၅ နှစ်အရွယ် အန်ဆယ်လော့တီကို ပြီးခဲ့သည့်တစ်ပတ်က ရီးယဲလ်မှ ထုတ်ပယ်ခဲ့ပြီး အသင်းဟောင်း အေစီမီလန်အသင်းသို့ ပြန်လည်ပြောင်းရွှေ့တော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
စီးရီးအေတွင် ရုန်းကန်နေရသည့် အေစီမီလန်က ၎င်းတို့အနေဖြင့် အန်ဆယ်လော့တီကို ခေါ်ယူရန် ကြိုးပမ်းသွားမည်ဟု စောစာပိုင်းက ပြောကြားခဲ့ပြီး အန်ဆယ်လော့တီကလည်း မီလန်သို့ ပြန်သွားရန်မှာ ၅၀-၅၀ ဖြစ်သည်ဟု ဆိုသည်။
သို့သော်လည်း အေစီကမူ အန်ဆယ်လော့တီမှာ ၎င်းတို့၏ ကမ်းလှမ်းမှုကို လက်မခံခဲ့ဟု ပြောကြားခဲ့သည်။
“လာမယ့်ရာသီမှာ အေစီမီလန်အသင်းရဲ့နည်းပြ ဖြစ်မလာနိုင်ဘူးလို့ ကာလို အန်ဆယ်လော့တီက မီလန်ကို အကြောင်းကြားခဲ့ပါတယ်” ဟု အသင်း၏ ၀ဘ်ဆိုက်တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
အန်ဆယ်လော့တီက ထိုကဲ့သို့ ငြင်းပယ်ခဲ့သော်လည်း မီလန်မှာ လက်ရှိနည်းပြ အင်ဇာဂီအား ဆက်လက်လက်တွဲသွားမည့် အခြေအနေရှိနေသည်။
သို့သော်လည်း ပါးမားအသင်းနည်းပြ အေစီမီလန်ကွင်းလယ်လူဟောင်း ရော်ဘတ်တို ဒိုနာဒိုနီကို ဒုတိယဦးစားပေးအဖြစ် လျာထားနေပြီး၊ ဆီးဗီးလားနည်းပြ အူနိုင် အမ်မရီ၊ ဆမ်ဒိုးရီးယားမှထွက်သွားသည့် ဆီနီဆာ မီဟဂ်ျလိုဗစ်၊ အီတလီနည်းပြ အန်တိုနီယိုကွန်တီ၊
ဖီအိုရင်တီးနားနည်းပြ ဗင်ဆန်ဇို မွန်တဲလားတို့ကို ဆက်သွယ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ အေစီမီလန်မှာ ယခုနှစ်တွင် အဆင့် ၁၀ ဖြင့် ရာသီသိမ်းခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.