ဇွန် ၉၊ ၂၀၁၅
M-Media
– FA ဖလားရရှိပြီးနောက် လန်ဒန်မြို့၌ လှည့်လည်အောင်ပွဲခံရာတွင် စပါးအသင်းအား စော်ကားပြောဆိုခဲ့သည့်အတွက် အာဆင်နယ်အလယ်တန်းလူ ဂျက်ဝီလ်ရှိုင်းယားကို ဘောလုံးအဖွဲ့ချုပ် FA က တရားစွဲဆိုခဲ့သည်။
အသက် ၂၃ နှစ်အရွယ် ၀ီလ်ရှိုင်းယားမှာ အဆိုပါ အောင်ပွဲခံမှုအတွင်း သီချင်းများဆိုခဲ့ပြီး ထိုသီချင်းများက မြို့ခံပြိုင်ဘက် စပါးအသင်းအား လှောင်ပြောင်သည့် သီချင်းများ ဖြစ်နေသောကြောင့် တရားစွဲဆိုခြင်းဖြစ်သည်ဟု အင်္ဂလန်အသင်းနှင့် ၂၀၁၆
ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန် သွားရောက်ပူးပေါင်းစဉ် FA ၏ မီဒီယာဌာနမှ ၎င်းအား အသိပေးခဲ့ခြင်းဖြစ်သည်။
ဝီလ်ရှိုင်းယားကမူ ၎င်းအနေဖြင့် သင်ခန်းစာရခဲ့သော်လည်း FA ၏ ထိုသို့အပြစ်ပေးမှုက အလွန်ပြင်းထန်ကြောင်း ခံစားရသည်ဟု ဆိုသည်။
“ဒါကိုကြည့်ပြီးတော့ ကျွန်တော်ဟာ သင်ခန်းစာရပါတယ် ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ရာသီအဆုံးမှာ ပျော်စရာလုပ်တာနဲ့ ကျွန်တော့်ဖာသာ ပျော်ရွှင်တာကို လူတွေက ကျွန်တော့်ကို တော်တော်လေး ကသိကအောက် ဖြစ်စေပါတယ်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့ပြင် တစ်ရာသီလုံး ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ရသည့် မိမိတို့အနေဖြင့် စိတ်လွတ်လက်လွတ် အောင်ပွဲခံမိခြင်းဖြစ်ပြီး ထိုကဲ့သို့ အရေးယူခြင်းမှာ အနည်းငယ်ပြင်းထန်သလို ဖြစ်နေသည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.