ဇွန် ၁၆၊ ၂၀၁၅
M-Media
– ယူးကရိန်းနိုင်ငံသား လက်ရှိ ဟဲဗီးဝိတ်ချန်ပီယံ ၀လာဒီမီရ် ကလစ်ရှ်ကိုနှင့် စိန်ခေါ်သူ ဗြိတိန်လက်ဝှေ့ကျော် တိုင်ဆန်ဖျူရီတို့၏ ချန်ပီယံလုပွဲကြီးကို အာဆင်နယ်အသင်း၏ အီမရိတ်ကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဟု ပွဲစီစဉ်သူ ဖရန့်ဝါရန်က ပြောကြားလိုက်သည်။
၎င်းတို့၏ ပွဲအား ပြုလုပ်ရန်အတွက် ချယ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းနှင့် အာဆင်နယ်၏ အီမရိတ်ကွင်းတို့ကို စောစောပိုင်းက လျာထားသော်လည်း ချယ်ဆီးက နှုတ်ထွက်သွားသောကြောင့် အီမရိတ်တွင် ကျင်းပခွင့်ရခဲ့ခြင်း ဖြစ်သည်။
ထိုးသတ်မည့်ရက်အတွက် ကလစ်ရှ်ကို၏အသင်းမှာ ဂျာမနီနိုင်ငံတွင် ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ၀ါရန်ကမူ စက်တင်ဘာ ၅ ရက် စနေနေ့တွင် ကျင်းပမည်ဟု ပြောကြားခဲ့သည်။
ထိုနေ့မှာ အင်္ဂလန်၏ နိုင်ငံတကာပွဲကစားမည့် သီတင်းပတ်ဖြစ်သောကြောင့် ပရီမီးယားလိဂ်ပြိုင်ပွဲ အနားပေးမည့်ရက်နှင့်လည်း သွားရောက်တိုက်ဆိုင်နေသည်။ ထိုးသတ်ပွဲအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီး ကလစ်ရှ်ကိုကမူ ၀င်ငွေ ၈၀ ရာခိုင်နှုန်း ရရှိဖွယ်ရှိနေသည်။
အဆိုပါထိုးသတ်ပွဲ ဖြစ်လာပါက ဗြိတိန်တွင် ၂၂ နှစ်အတွင်း အကြီးဆုံး ဟီဗီးဝိတ်ထိုးသတ်ပွဲကြီး ဖြစ်လာမည်ဖြစ်သည်။
Ref: Dailymail
Leave a Reply
You must be logged in to post a comment.