News @ M-Media

ဖီဖာဥက္ကဌဘလတ္တာ တာဝန်ပျက်ကွက်မှုအတွက် တရားစွဲဆိုခံရ

စက်တင်ဘာ ၂၅၊ ၂၀၁၅
M-Media

fifa

– ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌအနေဖြင့် ၎င်း၏ တာဝန်များကို ချိုးဖောက်ပျက်ကွက်သည်ဟူသော သံသယဖြင့် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာအား ဆွစ်ဇာလန် တရားသူကြီးချုပ်က ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဆွစ်ဇ်အာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဥက္ကဌရာထူးမှ အနားယူတော့မည်ဟု ကြေငြာထားသည့် ဘလတ္တာအား မှားယွင်းသော စီမံခန့်ခွဲမှုများအတွက် စစ်ကြောမေးမြန်းခဲ့သည်ဟု ဆိုသည်။

ယခုသတင်း မထွက်လာမီ နာရီပိုင်းအလိုတွင် ဘလ္လတာနှင့် ယနေ့ပြုလုပ်ရန် စီစဉ်ထားသည့် သတင်းစာရှင်းလင်းပွဲကို ဖီဖာက အကြောင်းပြချက်မပေးဘဲ ဖျက်သိမ်းခဲ့သည်။ အမှုဆောင်ကော်မတီ အစည်းအဝေးကို ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့ပြီးနောက် ဘလတ္တာမှာ ဖီဖာရုံးချုပ်၌ မီဒီယာများနှင့် တွေ့ဆုံရန် စီစဉ်ထားခြင်းဖြစ်သည်။

ဆွစ်ဇ်အစိုးရကမူ အမှုဆောင်ကော်မတီအစည်းအဝေးပြီးနောက် ဘလတ္တာအား စစ်ကြောမေးမြန်းခဲ့ခြင်း ဖြစ်ပြီး၊ ၂၀၁၁ ခုနှစ်က ဘလတ္တာထံမှ ယုံကြည်ဖွယ်ရာမရှိသည့် ကန်ဒေါ်လာ ၂.၀၅ သန်း ရရှိမှုနှင့်ပတ်သက်၍ ဒုဥက္ကဌ မိုက်ကယ် ပလာတီနီကိုလည်း သက်သေအဖြစ် မေးမြန်းခဲ့သည်ဟု ဆိုသည်။

“ကာရစ်ဘီယံ ဘောလုံးအဖွဲ့ချုပ်ရဲ့ စာချုပ်ကိစ္စနဲ့ပတ်သက်ပြီး ဂျိုးဆပ် ဘလတ္တာဟာ ယုံကြည်စွာ အပ်နှံခြင်းခံထားရတဲ့ တာဝန်တွေကို ချိုးဖောက်တယ်လို့ သံသယရှိ ခံထားရပါတယ်” ဟု ဆွစ်ဇာလန် တရားသူကြီးချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ဘလတ္တာအား တရားစွဲဆိုမှုမှာ ခြစားမှုအတွက် နိုင်ငံတကာရဲတပ်ဖွဲ့က အလိုရှိနေသည့် ဖီဖာဒုဥက္ကဌဟောင်း ဂျက်ဝါနာအား တရားစွဲဆိုထားမှုကိစ္စနှင့် ဆက်စပ်နေသည်ဟု ဆိုသည်။

Ref: Aljazeera

Comments

Leave a Reply