စက်တင်ဘာ ၂၉၊ ၂၀၁၅
M-Media
– ယခုနှစ်ဟဂ်ျကာလအတွင်း ပြင်းထန်သော အပူချိန်နှင့် ရင်ဆိုင်ခဲ့ရသည့် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ဘုရားဖူးများအတွက် ဆော်ဒီလူငယ် ၂၅ ဦးပါသော အဖွဲ့တစ်ဖွဲ့က သောက်ရေနှင့် ဖျော်ရေအေးများကို ဝေငှခဲ့ကြသည်။
မက္ကာ၊ ရီယာ့ဒ်နှင့် ဂျစ်ဒါတို့မှ လူငယ်များဖြစ်ပြီး သောက်ရေ၊ ဖျော်ရည်အေး ဗူးပေါင်း ၁၅၀၀၀၀ ခန့်ကို ဝေငှခဲ့ခြင်းဖြစ်သည်။ အဖွဲ့ခေါင်းဆောင် အွတ်စမန် ဟာရှင်မ်ကမူ အာရာဖတ်ကွင်းပြင်နှင့် မွဇ်ဒါလီဖဟ် ဒေသများတွင် ပထမဆုံး ဖြန့်ဝေပေးခဲ့သည်ဟု ဆိုသည်။
“လူငယ်တွေက တိုင်းပြည်ရဲ့ ရတနာတွေပါပဲ” ဟု ၎င်းက ပြောကြားခဲ့ပြီး၊ ထိုကဲ့သို့ ပရဟိတလုပ်ငန်း လုပ်ဆောင်ရန်အတွက် ဆော်ဒီအာဏာပိုင်များထံမှ ခွင့်ပြုချက်ရယူခဲ့ရသည်ဟု ဆိုသည်။
၎င်းတို့မှာ အာရာဖတ်နေ့ နံနက်အာရုဏ်တက်ချိန်မှ အီဒွလ်အသွဟာ ပထမနေ့အထိ နာရီပေါင်း ၃၀ တိုင်တိုင် မရပ်မနား ကြိုးစားပမ်းစားဖြင့် ဝှေငှခဲ့ကြခြင်းဖြစ်သည်။
“ကျွန်တော်အသင်းအတွက် ဒါဟာ ကြီးမားတဲ့ ကြိုးပမ်းဆောင်ရွက်မှုပါပဲ” ဟု ဟာရှင်မ်က ဆိုပြီး အစီအစဉ်တကျ ဝေငှခဲ့ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့ကြသည်။
သောက်စရာဝေငှသည့်အပြင် ၎င်းတို့မှာ ဘုရားဖူးများအတွက် လိုအပ်သည့် ၀န်ဆောင်မှုများကိုလည်း ပေးအပ်ခဲ့ကြသည်။
“ကျွန်တော်တို့ဟာ သူတို့ကို ကြိုဆိုတာမျိုးတွေ၊ အာရာဖတ်ကွင်းပြင်မှာ ပြုလုပ်ရမယ့် ဓလေ့ထုံးတမ်းတွေကို သတိပေးတာမျိုးတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ ဧည့်သည်ဖြစ်ပြီး၊ ဒီလိုဧည့်ဝတ်ပြုရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်”
Ref: Arabnews


Leave a Reply
You must be logged in to post a comment.