အောက်တိုဘာ ၅၊ ၂၀၁၅
M-Media
– အသင်းက ထုတ်ပယ်ရန် အစီအစဉ်မရှိသော်လည်း ကစားသမားများထံမှ ယုံကြည်မှု ဆုံးရှုံးသွားပါက မိမိအနေဖြင့် ထွက်ခွာသွားမည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
စနေနေ့က ဆောက်သက်တမ်အသင်းအား ရှုံးနိမ့်ခဲ့သောပွဲမှာ ယခုနှစ် ပရီးမီးယားလိဂ်၌ ချယ်ဆီး၏ စတုတ္ထမြောက် ရှုံးပွဲဖြစ်ပြီး အသင်းမှာလည်း အဆင့် ၁၆ သို့ ရောက်ရှိနေသည်။ အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျက ထိုရလဒ်များအတွက် အလွန်အမင်း စိတ်ပျက်နေသော်လည်း မော်ရင်ဟိုအား ထုတ်ပယ်ရန် အလားအလာမရှိပေ။
“ကစားသမားတွေဆီကို ဒဲ့သွားလိုက်ပါ။ တကယ်လို့များ သူတို့က ကျွန်တော့်ကို မယုံကြည်တော့ဘူးလို့ ပြောလာရင် ကျွန်တော်တစ်ခုတည်းသော လုပ်ရမှာက နှုတ်ထွက်ဖို့ပါပဲ။ ကစားသမားတွေကိုမေးပါ။ အလိမ်အညာသတင်းတွေနောက်ကို မလိုက်ပါနဲ့။ ကစားသမားက သူ့သူငယ်ချင်းကိုပြောတယ်။ သူ့သူငယ်ချင်းက အေးဂျင့်ကိုပြောမယ်။ ကျွန်တော်က သူ့ကစားသမားကိုမသုံးလို့ အေးဂျင့်က စိတ်မချမ်းမသာဖြစ်တယ်။ ဒါမျိုးတွေပေါ့” ဟု ၎င်း၏ ရာထူးနေရာနှင့်ပတ်သက်၍ မော်ရင်ဟိုက ဆောက်သက်တမ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
Ref: Dailymail


Leave a Reply
You must be logged in to post a comment.