News @ M-Media

ဆော်ဒီကျောင်းသားတစ်ဦး၏ ကားမောင်းသည့်စမတ်ဖုန်းဂိမ်း လူကြိုက်များ

အောက်တိုဘာ ၉၊ ၂၀၁၅
M-Media

saudi

– ဆော်ဒီမှ အင်ဂျင်နီယာကျောင်းသားတစ်ဦးမှာ ဆော်ဒီဒီဇိုင်း ကားမောင်းသည့် ဖုန်းဂိမ်းတစ်ခုကို ဖန်တီးခဲ့ပြီး လူကြိုက်များမှု ရရှိခဲ့သည်ဟု သိရသည်။

အဘ်ဒူလ် ရဟ်မန် အလ်-ကေယဲလ်ဆိုသည့် ကျောင်းသားဖြစ်ပြီး INKY Death Road ဟု အမည်ရသည့် ထိုဂိမ်းကို လွန်ခဲ့သည့် ၈ လလုံးလုံး ကြိုးစားပမ်းစားဖြင့် တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ဆော်ဒီနိုင်ငံအတွင်းရှိ လမ်းမများတွင် စွန့်စားမောင်းနှင်ကာ အမှတ်ယူရမည့် ဂိမ်းဖြစ်ပြီး ဆော်ဒီလူငယ်များအကြိုက် ဖန်တီးထားခြင်းလည်း ဖြစ်သည်။

အက်-ကေယဲလ်ကမူ အဆိုပါဂိမ်းဖန်တီးမှု ပြီးဆုံးသွားသည့်အချိန်တွင် မိမိမှာ အလွန် ပင်ပန်းနွမ်းနယ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော့်ရဲ့အိပ်ရေးပျက်မှုတွေကို အစားမထိုးရသေးပါဘူး။ ပြီးခဲ့တဲ့ ရှစ်လလုံးလုံး အမေရိကန်မှာ စက်မှုအင်ဂျင်နီယာပညာကို သင်ယူနေတဲ့ ကျွန်တော်ဟာ အားလပ်ချိန်ကို အသုံးပြုပြီး programming ပညာရပ်ကို လေ့လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆော်ဒီက ကျွန်တော့်သူငယ်ျင်းတွေနဲ့ ပူးပေါင်းပြီး ဒီဂိမ်းကို ကောင်းကောင်းမွန်မွန် အဆုံးသတ်နိုင်ခဲ့ပါတယ်” ဟု အလ်-ကေယဲလ်က ပြောကြားခဲ့သည်။

၎င်း၏ဂိမ်းကို အမေရိကန်မှ ဂိမ်းကစားသူများကို စမ်းသပ်စေခဲ့ပြီး ၎င်းတို့မှာ ဒီဇိုင်းနှင့် ခက်ခဲမှုကို အလွန် ကြိုက်နှစ်သက်ခဲ့ကြသည်ဟု ဆိုသည်။

“ဗီဒီယိုဂိမ်းတွေရဲ့ စိန်ခေါ်မှုကို ကျွန်တော် ကြိုက်ပါတယ်။ ဂိမ်းတစ်ခုတီထွင်ဖို့ ကျွန်တော်စဉ်းစားတဲ့အခါ ပရိတ်သတ်တွေအတွက် အမြင့်ဆုံးအဆင့် စိန်ခေါ်မှုတွေကို ပေးချင်ခဲ့ပါတယ်”

ထိုတီထွင်မှုအတွက် ဘုရင်ကြီး အဘ်ဒူလ် အဇစ်နှင့် ဘုရင်ကြီး၏ Companions Foundation for Giftedness and Creativity ဖောင်ဒေးရှင်းကိုလည်း အကြောင်းကြားခဲ့သည်ဟု အလ်-ကေယဲလ်က ပြောကြားခဲ့သည်။

အဆိုပါဂိမ်းကို စောစောပိုင်းတွင် Apple Store ၌ လွှင့်တင်ခဲ့ပြီး နောက်ပိုင်းတွင် အန်ဒရွိုက်ဖုန်းများနှင့် တက်ဘလက်များအတွက်ပါ Google Play တွင် လွှင့်တင်ပေးခဲ့သည်။

Ref: Arabnews

Comments

Leave a Reply