အောက်တိုဘာ ၁၁၊ ၂၀၁၅
M-Media
– ဖီဖာကျင့်ဝတ်ကော်မတီမှ ရရှိခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာ အရှုပ်အထွေး အထောက်အထားအသစ်များအရ ဖီဖာဥက္ကဌ ဘလတ္တာနှင့် ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီတို့မှာ ဘောလုံးလောကမှ နှစ်ပေါင်းများစွာ အနားယူရနိုင်သည်ဟု ဖီဖာ၏ အကြီးတန်း တာဝန်ရှိသူတစ်ဦးက The Mail သတင်းဌာနသို့ ယနေ့တွင် ပြောကြားခဲ့သည်။
“အခုအချိန်မှာ ဇာတ်ရှိန်က မြင့်နေပြီး လူတွေ ထင်ထားတာထက်ကို ပိုပြီး ဆိုးရွားပါတယ်။ တကယ်တမ်း ဒီကိစ္စဟာ ပုံပျက်ပန်းပျက်တာထက်ကို ကျော်ပြီး ရာဇ၀တ်မှုဆိုင်ရာ ကိစ္စ ဖြစ်သွားနိုင်ပါတယ်” ဟု ကျင့်ဝတ်ကော်မတီနှင့် နီးစပ်သည့် အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။
ပလာတီနီနှင့် ဘလတ္တာတို့မှာ လက်ရှိအချိန်တွင် ငွေကြေးကိစ္စနှင့် ပတ်သက်၍ ရက်ပေါင်း ၉၀ ရာထူးမှ အနားပေးခြင်းခံထားရပြီး နှစ်ဦးစလုံးက ၎င်းတို့မှာ အပြစ်မရှိဟု ငြင်းဆိုထားကြသည်။ ချစားမှုပြဿနာများနှင် ရင်ဆိုင်နေရသည့် ဖီဖာမှာ လာမည့် ဖေဖော်ဝါရီတွင် ဥက္ကရွေးချယ်ပွဲရှိနေပြီး ယခုပြဿနာကြောင့် ထိုရွှေးကောက်ပွဲမှာလည်း မရေရာဖြစ်နေသည်။
Ref: Dailymail
Leave a Reply
You must be logged in to post a comment.