အောက်တိုဘာ ၁၆၊ ၂၀၁၅
M-Media
– ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး မက်ဆီမှာ တစ်နိုင်ငံတည်းသား ဂန္တ၀င်ကစားသမား မာရာဒိုနာထက် အာဂျင်တီးနား လက်ရွေးစင်အသင်းအား ပိုမို ပေးဆပ်သည်ဟု ဘာစီလိုနာနှင့် အာဂျင်တီးနားနည်းပြဟောင်း ဆီဇာလူးဝစ် မီနော့တီက ပြောကြားလိုက်သည်။
မာရာဒိုနာမှာ ၁၉၈၆ ခုနှစ်တွင် အာဂျင်တီးနားသင်းနှင့် ကမ္ဘာဖလားကို ဆွတ်ခူးရရှိခဲ့ပြီး မက်ဆီကမူ နိုင်ငံအသင်းအတွက် ခြေစွမ်းကောင်းများ ပြသခဲ့သော်လည်း လောက်လောက်လားလား အောင်မြင်မှုမျိုး မရသေးပေ။
“သိပ်ဝေးဝေးမကြည့်ရင်တော့ သူတို့နှစ်ဦးစလုံးဟာ တူညီတယ်လို့ ထင်ရပါတယ်။ ဒီယေဂို (မာရာဒိုနာ) ရဲ့ တိုးတက်မှုဟာ နည်းနည်းကွဲပြားပြီး ပိုပြီးတော့ ခေါင်းဆောင်မှုဆန်ပါတယ်။ မက်ဆီရဲ့တိုးတက်မှုက ပိုပြီးမှန်ကန်ပါတယ်။ ဘာ့ကြောင်လည်းဆိုတော့ သူကစားတဲ့ကလပ်ကြောင့်ပါပဲ။ ဒီယေဂိုလိုပဲ သူ ဂိုးတွေသွင်းပါတယ်။ မက်ဆီက အရည်အချင်းပိုရှိတယ် ဆိုတာကတော့ အငြင်းပွားစရာ မရှိပါဘူး။ ပြီးတော့ အာဂျင်တီးနားအသင်းက တစ်ခါတစ်ရံ သူ့အတွက် အထောက်အကူဖြစ်ပြီး တစ်ခါတစ်ရံတော့ မဖြစ်ပါဘူး” ဟု
မီနော့တီက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.