အောက်တိုဘာ ၂၄၊ ၂၀၁၅
M-Media
– အသင်းအတွက် ခြေစွမ်းကောင်းများကို ပြသနေသည့် ကွင်းလယ်လူ မီဆု အိုဇေးလ်မှာ ဘောလုံးသမားတစ်ယောက်၏ ရွှေရောင်ခေတ်ကာလသို့ ရောက်ရှိနေပြီး ပိုမိုရင့်ကျက်လာသည်ဟု အာဆင်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
၂၀၁၃ ခုနှစ်က ရီးယဲလ်မှ အာဆင်နယ်သို့ အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာခဲ့သည့် အိုဇေးလ်မှာ ပြီးခဲ့သည့်ရာသီတွင် အံ့သြဖွယ်ခြေစွမ်းများကို ပြသကာ ယခုနှစ်တွင်လည်း ၁၂ ပွဲကစားပြီးချိန်တွင် ၆ ဂိုးရရှိအောင် ဖန်တီးပေးပို့မှု ပြုလုပ်ထားသည်။ ထို့ပြင် ၎င်းကိုယ်တိုင်လည်း ၂ ဂိုး သွင်းယူပေးထားသည်။
ဝင်းဂါးကမူ အိုဇေးလ်မှာ ၎င်း၏ ကစားသမားဘ၀ အကောင်းဆုံးအချိန် ရောက်နေသည်ဟု ပြောကြားခဲ့ပြီး ၎င်း၏ စွမ်းဆောင်ရည်အတွက်လည်း ချီးကျူးခဲ့သည်။
“ပါရမီရှိတယ်။ ပါးလည်းပါးနပ်တယ်။ သူဟာ အင်မတန့်အင်မတန်ကို ပြည့်စုံတဲ့ ကစားသမားတစ်ဦးပါ။ ပြီးတော့ လေးစားထိုက်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ သူ့ကို ခင်ဗျား ဘာပြောလဲ၊ အဲဒီအတိုင်း သူ ခင်ဗျားအတွက် လုပ်ပေးပါတယ်။ သူ့ရဲ့ပါရမီကတော့ ချွင်းချက်မဲ့ပြီး၊ အင်မတန်လည်း ထူးခြားပါတယ်”
Ref: Goal


Leave a Reply
You must be logged in to post a comment.