အောက်တိုဘာ ၂၄၊ ၂၀၁၅
M-Media
– ဘာစီလိုနာတွင် မိမိ၏ ပထမဆုံးနှစ်မှာ မယုံကြည်နိုင်စရာ ဖြစ်ခဲ့ပြီး ထိုကဲ့သို့ အခြေအနေမျိုး ရရှိရန် မစဉ်းစားခဲ့ဖူးဘဲ အသင်းနှင့် ဆုဖလားများ ထပ်မံရယူရန် ဆန္ဒရှိနေသည်ဟု တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ပြောကြားလိုက်သည်။
လီဗာပူးလ်မှ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် ယခုလိုအချိန် ရီးယဲလ်ပွဲ၌ ပွဲထွက်ခွင့်ရခဲ့သည့် ဆွာရက်ဇ်မှာ အသင်းအတွက် စုစုပေါင်း ၄၃ ပွဲကစားခဲ့ပြီး ၂၅ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။
“ဘာစီလိုနာနဲ့ ပထမရာသီမှာ ဖလားသုံးလုံးရလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ပါဘူး။ ဒီလိုတောက်ပတဲ့ ရာသီမျိုးရဖို့ ကျွန်တော်တို့ဟာ အခက်အခဲအတားအဆီး တော်တော်များများကို ကျော်ဖြတ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒါဟာ မယုံကြည်နိုင်လောက်စရာ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ဖလား ၃ လုံးရဖို့ဆိုတာ တော်တ်ာမလွယ်ပါဘူး” ဟု ဆွာရက်ဇ်က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.