အောက်တိုဘာ ၂၄၊ ၂၀၁၅
M-Media
– အသင်းအခြေအနေ ဆိုးရွားနေသော်လည်း ရာသီဝက်ပြီးဆုံးသည့် ဒီဇင်ဘာလမတိုင်မီအထိ မိမိအား ဝေဖန်ဆုံးဖြတ်မှုမျိုး မလုပ်သင့်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ ချယ်ဆီးမှာ ၉ ပွဲတွင် ၁၁ မှတ်သာ ရရှိထားပြီး အဆင့် ၁၂ နေရာတွင်ရှိနေသည်။ ထို့ကြောင့် မော်ရင်ဟိုမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ၎င်းက အသင်းမှာ အလယ်အလတ်အဆင့်နှင့် ရာသီသိမ်းလျှင်ပင် မိမိအနေဖြင့် ရာထူးအား စွန့်လွှတ်ရမည်မဟုတ်ဟု စောစောပိုင်းက ပြောကြားထားသည်။
“ဒီဇင်ဘာအကုန်မှာ ရာသီဝက်ချန်ပီယံလို့ ကျွန်တော်တို့ ပြောလေ့ရှိပါတယ်။ အဲဒီအချိန်မှာ ပိုကောင်းတဲ့ ပုံရိပ် တွေ့ရမှာပေါ့။ အဲဒီအချိန်ကျရင် အသင်းတိုင်းက ၁၉ ပွဲကစားထားမယ်။ ရာသီဝက်ဆိုတာ ဇယားကို ကြည့်လို့ကောင်းမယ့် အချိန်ပါပဲ။ ဒါပေမယ့် အချိန်တိုင်းမှာတော့ အဓိပ္ပါယ်တစ်ခုမဟုတ်တစ်ခု ရှိပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.