News @ M-Media

အာဆင်နယ် ထိပ်ဆုံးပြန်ရောက်မည်ဟု မည်သူမှ မထင်ကြောင်း ၀င်းဂါးပြော

အောက်တိုဘာ ၂၅၊ ၂၀၁၅
M-Media

ars

– အဖွင့်ပွဲ ရှုံးနိမ့်ခဲ့စဉ်ကတည်းက မိမိတို့အသင်းမှာ ထိပ်ဆုံးသို့ ရောက်ရှိမည်ဟု မည်သူမှ မထင်ခဲ့ဘဲ အသင်း၏ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

ယမန်နေ့က အဲဗာတန်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်မှာ လက်ရှိအချိန်တွင် ဇယားကို ဦးဆောင်ထားပြီး ထိပ်ဆုံးမှ မန်စီးတီးနှင့် မန်ယူတို့ပွဲတွင် မန်စီးတီး ရှုံးနိမ့်ခဲ့ပါက ဇယားအား ဆက်လက် ဦးဆောင်နိုင်မည်ဖြစ်သည်။

“ဆက်ပြီး သွားကြရအောင်ပါ။ မိမိကိုယ်ကို နှိမ့်ချမှုနဲ့ ပြင်းပြတဲ့ ဆန္ဒတွေက အသင်းအဖွဲ့အဖြစ် စုစည်းစေခဲ့ပါတယ်။ အီမရိတ်မှာ ကျွန်တော်တို့ ပထမဆုံးပွဲမှာ ရှုံးခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ဟာ ဒီညလို ထိပ်ဆုံး ပြန်ရောက်မယ်လို့ ဘယ်သူမှ မပြောကြတော့ပါဘူး။ အင်္ဂါနေ့က (ချန်ပီယံလိဂ်မှာ) သူတို့ရခဲ့တဲ့ နိုင်ပွဲမျိုးက အသင်းရဲ့စိတ်ဓာတ် ဘယ်လောက်မြင့်မားနေလဲဆိုတာကို ပြသနေတာပါပဲ။ ဒါ့ကြောင့်ပဲ ကျွန်တော့်အသင်းအတွက် ကျွန်တော့် တော်တော်လေး ဂုဏ်ယူမိပါတယ်။ ပြန်လည်အာရုံစိုက်ဖို့ စွမ်းဆောင်ရည်ကို သူတို့ ပြသခဲ့ပါတယ်” ဟု ၀င်းဂါးက ယမန်နေ့ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ထိုပွဲတွင် ဂျရူးနှင့် ကွန်စီယဲလ်နီတို့က အာဆင်နယ်အတွက် အနိုင်ဂိုးများ သွင်းပေးခဲ့ကြသည်။

Ref: Goal

Comments

Leave a Reply