အောက်တိုဘာ ၃၁၊ ၂၀၁၅
M-Media
– လက်ရှိချန်ပီယံအသင်းအဖြစ် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးအ၀ါးဆုံးအနေအထားကို ရင်ဆိုင်နေရသော်လည်း မိမိအနေဖြင့် အထုတ်ခံရမည်ကို မကြောက်ဟု မော်ရင်ဟိုက ထပ်မံ ပြောကြားလိုက်ပြီး မိမိ အထုတ်ခံရမလား ဆိုသည်နှင့်ပတ်သက်၍ အဘယ်ကြောင့် လူအများက စိတ်လှုပ်ရှားနေသနည်းဟု မေးခွန်းထုတ်ခဲ့သည်။
ချယ်ဆီးမှာ ကစားပြီးခဲ့သည့် ပရီးမီးယားလိဂ် ၁၀ ပွဲတွင် တစ်ဝက်တိတိ ရှုံးနိမ့်ထားပြီး အဆင့် ၁၅ အထိ ရောက်ရှိနေကာ ယနေ့တွင် လီဗာပူးလ်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ထပ်မံရှုံးနိမ့်ပါက မော်ရင်ဟိုမှာ အသင်းမှ အထုတ်ခံရတော့မည်ဟု ထင်ကြေးပေး ပြောဆိုမှုများ ရှိနေသည်။
“ဒါနဲ့ပတ်သက်လို့ ကျွန်တော် ဘယ်လိုမှကို မနေပါဘူး။ အဲဒီအတွက် စဉ်းစားဖို့လည်း ကျွန်တော် အချိန်ကုန်မခံပါဘူး။ ရလဒ်အတွက်ပဲ သောကရောက်တာပါ။ စနေနေ့ပွဲ နိုင်ဖို့အတွက်နဲ့ ချန်ပီယံလိဂ် နောက်တစ်ဆင့်တက်ဖို့အတွက်သာ သောကဖြစ်နေတာပါ။ ပြီးတော့ အသင်း ပုံမှန်ရှိနေရမယ့် နေရာကို ပြန်ရောက်ဖို့အတွက်လည်း ကျွန်တော် သောကဖြစ်ပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.