News @ M-Media

မေ့မျောနသည့် ဂျာမန်ဂန္တ၀င်ပြိုင်ကားသမား အသက်ရှင်ရေး ဆက်လက်တိုက်ပွဲဝင်နေ

နိုဝင်ဘာ ၁၊ ၂၀၁၅
M-Media

mic

– လွန်ခဲ့သည့် ၂ နှစ်က ပြင်သစ်ရှိ အဲလ်ပ်စ် တောင်တန်းပေါ်တွင် နှင်းလျှောစီးရင်း မတော်တဆဖြစ်ကာ သတိလစ်မေ့မျောနေသည့် ဂျာမန် ဂန္တ၀င် ပြိုင်ကားသမား မိုက်ကယ်ရှူးမိတ်ကာမှာ အသက်ရှင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေသည်ဟု နိုင်ငံတကာ ပြိုင်ကားအဖွဲ့ချုပ် FIA ဥက္ကဌ ဂျီယန်တော့ဒ်က ပြောကြားလိုက်သည်။

ဦးခေါင်း၌ ထိခိုက်မိပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့် ဖော်မြူလာဝမ်း ၇ ကြိမ်ချန်ပီယံ ရှူးမိတ်ကာကို မိသားစုဝင်များက ၂၀၁၄ ခုနှစ် စက်တင်ဘာလက ဆေးရုံမှ အိမ်သို့ ပြန်လည်ခေါ်ဆောင်လာပြီး ပြုစုစောင့်ရှောက်မှုများ ပြုလုပ်နေသော်လည်း အခြေအနေမှာ တိုးတက်မှု အလွန်နှေးကွေးနေသည်။

“ကျွန်တော် မိုက်ကယ်ကို ကျွန်တော် မကြာခဏ သွားကြည့်ပါတယ်။ သူက အသက်ရှင်ဖို့ ဆက်လက်တိုက်ပွဲဝင်နေပါတယ်။ မိုက်ကယ်က ကျွန်တော်နဲ့ တော်တော်လေးရင်းနှီးတဲ့ သူငယ်ချင်းပါ။ သူ့မိသားစုနဲ့လည်း ကျွန်တော် အတော်ခင်ပါတယ်။ သူတို့ မိသားစုနဲ့အတူ ကျွန်တော်တို့ ၀ိုင်းရံပြီး နေပြန်ကောင်းလာအောင် ကြိုးစားနေပါတယ်” ဟု တော့ဒ်က အပြောကြားခဲ့သည်။

Ref: Dialymail

Comments

Leave a Reply