နိုဝင်ဘာ ၁၂၊ ၂၀၁၅
M-Media
– မိမိအနေဖြင့် အင်္ဂလန်သို့ ပြန်လည်လာရောက်၍ နည်းပြချင်သည်ဟု ရီးယဲနည်းပြဟောင်း အန်ဆယ်လော့တီက ပြောကြားလိုက်ပြီး အောက်တိုဘာလက လီဗာပူးလ်အသင်းနှင့် ဆွေးနွေးမှုများ ရှိခဲ့သည်ဆိုသော သတင်းကိုမူ ငြင်းဆိုခဲ့သည်။
ချယ်ဆီးနည်းပြဟောင်း ဖြစ်ခဲ့ပြီး ၂၀၁၄-၁၅ ဘောလုံးရာသီအကုန်တွင် ရီးယဲလ်မှ အထုတ်ခံခဲ့ရသည့် အန်ဆယ်လော့တီမှာ လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေသည်။ ၎င်းအား အသင်းဟောင်း အေစီမီလန်က ကမ်းလှမ်းခဲ့ဖူးပြီး၊ လီဗာပူးလ်သို့ နည်းယာဂန်ကလော့ပ် မရောက်လာခင် ၎င်းအား ဆက်သွယ်ခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
“ကျွန်တော် အင်္ဂလန်ကို ပြန်လာချင်ပါတယ်။ အဲဒီက ဘောလုံးလောကကို ကျွန်တော်ကြိုက်တယ်။ လန်ဒန်မှာလည်း ကျွန်တော့်အိမ်တစ်လုံး ရှိပါတယ်။ အင်္ဂလန်နဲ့ဥရောပမှာ ပြိုင်ဆိုင်နိုင်တဲ့ အသင်းမျိုးကို ကျွန်တော် နည်းပြချင်ပါတယ်။ လီဗာပူးလ်က အသင်းကောင်းတစ်သင်းဖြစ်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် သူတို့နဲ့တော့ ကျွန်တော် စကားမပြောခဲ့ပါဘူး။ တကယ်လို့ ပြောဖြစ်ခဲ့မယ်ဆိုရင်လည်း ခေါင်းညိတ်မိမှာပါပဲ။ ဒါပေမယ့် ပြောကို မပြောဖြစ်ခဲ့တာပါ” ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.