ဒီဇင်ဘာ ၃၊ ၂၀၁၅
M-Media
– ဖီဖာ၏ ခြစားမှုကိစ္စကို စစ်ဆေးနေသည့် အမေရိကန်အာဏာပိုင်များ၏ တောင်းဆိုမှုကြောင့် ဖီဖာတာဝန်ရှိသူ ၂
ဦးကို ဖမ်းဆီးလိုက်သည်ဟု ဆွစ်ဇာလန် တရားရေးဌာနက ကြေငြာလိုက်သည်။
မြို့တော်ဇူးရစ်ခ်ျ မြို့လယ်ကောင်ရှိ ဇိမ်ခံဟော်တယ် Baur au Lac ၌ ဖီဖာ၏ အမှုဆောင်ကော်မတီ အစည်းအဝေးမပြုလုပ်ခင် ယနေ့တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ထိုနေရာမှာ မေလက ဖီဖာတာဝန်ရှိသူများကို ဖမ်းဆီးခဲ့သည့် နေရာလည်း ဖြစ်သည်။
ဝန်ကြီးဌာနကမူ ဖမ်းဆီးခဲ့သူများကို အမည်ဖော်ပြခြင်း မပြုခဲ့ဘဲ ဒေါ်လာသန်းနှင့်ချီ၍ လာဘ်ငွေယူထားသည့် သံသယရှိသူများဖြစ်သည်ဟုသာ ပြောကြားခဲ့သည်။
အဆိုပါ လာဘ်ငွေများမှာ ဖီဖာ၏ လက်တင်အမေရိက ဘောလုံးပြိုင်ပွဲများနှင့် ကမ္ဘာဖလား ခြေစစ်ပွဲများအတွက် ဈေးကွက်ရပိုင်ခွင့်နှင့် ဆက်စပ်နေသည်ဟု တရားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
အမေရိကန်တရားရေးဌာနက ကိုပါအမေရိကပြိုင်ပွဲအတွက် ဒေါ်လာသန်းပေါင်းများစွာ လာဘ်စားခဲ့မှုနှင့် ပတ်သက်၍ ဖီဖာမှ ဘောလုံးနှ ဈေးကွက်တာဝန်ရှိသူ ၁၄ ဦးကို ဖမ်းဆီးထားပြီး ထိုအထဲမှ ၂ ဦးကို တရားစွဲဆိုထားသည်။ ကမ္ဘာဖလားပြိုင်ပွဲ ကျင်းပရန် ဖီဖာက ဂျာမနီ၊ ရုရှားနှင့် ကာတာတို့အား အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကာ ချစားမှုစွဲချက်ဖြင့် တရားစွဲဆိုမှုများကိုလည်း ပြုလုပ်ထားသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.