ဒီဇင်ဘာ ၈၊ ၂၀၁၅
M-Media
– ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ချယ်ဆီးနည်းပြ မော်ရင်ဟိုမှာ ၎င်း၏ အတိတ်က အောင်မြင်မှုများကြောင့် ရာထူးမှ အထုတ်မခံရခြင်းဖြစ်သည်ဟု ချယ်ဆီး ဂန္တ၀င်ကစားသမားတစ်ဦးဖြစ်သူ ရေးဝီလ်ကင်က ပြောကြားလိုက်သည်။
မော်ရင်ဟို၏ ကိုင်တွယ်မှုနှစ်ကြိမ်အတွင်း ချယ်ဆီးမှာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နှင့် လိဂ်ဖလားများကို ဆွတ်ခူးနိုင်ခဲ့သည်။ သို့သော်လည်း ယခုရာသီတွင် အိပ်မက်ဆိုးများနှင့် ရင်ဆိုင်နေရပြီး စနေနေ့က ဘုန်းမောက်အသင်းအား ရှုံးနိမ့်ခဲ့ကာ ချယ်ဆီးမှာ ၎င်းတို့၏ ပရီးမီးယားလိဂ် ၈ ပွဲမြောက်ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရသည်။ အသင်းမှာလည်း လက်ရှိအချိန်တွင် ထိပ်ဆုံးမှ လက်စတာစီးတီးအသင်းနှင့် ၁၇ မှတ် ကွာဟသွားပြီဖြစ်သည်။
“တစ်ခြားနည်းပြတွေဆိုရင်တော့ လစ်ရပြီပေါ့။ ဒီလမ်းကလွဲလို့ တစ်ခြားလမ်း မရှိပါဘူး။ မော်ရင်ဟို အခုအချိန်အထိရှိနေတာက အတိတ်မှာ သူစွမ်းဆောင်ပေးခဲ့တာတွေကြောင့်ပါ။ မော်ရင်ဟိုအတွက် အရေးကြီးဆုံးက ဥရောပပါ။ သူဟာ ဥရောပပြိုင်ပွဲတွေကို နှစ်သက်ပြီး (ပိုင်ရှင်) အေဗရာမိုဗစ်ခ်ျကလည်း ဒါကို နှစ်သက်ပါတယ်။ တကယ်လို့ ပေါ်တိုနဲ့ပွဲ ရှုံးပြီဆိုရင်တော့ မော်ရင်ဟိုက သူ့လမ်းသူ လျှောက်ရတော့မှာပါ” ဟု ၀ီလ်ကင်က BelN Sports သို့ ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.