News @ M-Media

အစိုးရစပွန်ဆာ ဟက်ကာများ၏ တိုက်ခိုက်နိုင်ခြေအတွက် အသုံးပြုသူများအား Twitter သတိပေး

ဒီဇင်ဘာ ၁၅၊ ၂၀၁၅
M-Media

twitter

– ဆိုရှယ်ကွန်ယက်တစ်ခုဖြစ်သော Twitter က အစိုးရကျောထောက်နောက်ခံပြုထားသော ဟက်ကာများက
၎င်းတို့၏ အကောင့်များထဲမှ အရေးကြီးသော အချက်အလက်များကို ခိုးယူရန် ကြိုးစားနေကြသည်ဟု သုံးစွဲသည်အချို့အား သတိပေးခဲ့သည်။

Twitter မှာ ပထမဆုံးအကြိမ်အဖြစ် ထိုသတိပေးချက် ထုတ်ပြန်ခြင်းဖြစ်ပြီး ဟက်ကာများမှာ ထိုကဲ့သို့ ဖောက်ထွင်းရန် ကြိုးစားနေကြသော်လည်း ၎င်းတို့ပစ်မှတ်ထားသော အချို့အုပ်စုမှ အချက်အလက်များခိုးယူသွားသည့် အနေအထားမျိုး မရှိသေးကြောင်း ပြောဆိုထားသည်။ တိုက်ခိုက်မှုအကြောင်း သို့မဟုတ် သံသယရှိသူများကို စုံစမ်းစစ်ဆေးမှုများအကြောင်းနှင့် ပတ်သက်၍ Twitter က ထည့်သွင်းပြောကြားခဲ့ခြင်းမရှိချေ။

ယင်းကဲ့သို့ သတိပေးချက်များထုတ်ပြန်ခဲ့သော နည်းပညာကုမ္ပဏီများအနက်မှ Twitter မှာ နောက်ဆုံးဖြစ်သည်။ Google နှင့် Facebook တို့ကလည်း အစိုးရကျောထောက်နောက်ခံပြုထားသည့် ဟက်ကာများက အကောင့်များအား တိုက်ခိုက်နိုင်ဖွယ်ရှိသည်ဟု သတိပေးချက်များ ယခင်က ထုတ်ပြန်ခဲ့သည်။

သတိပေးကြေငြာချက်တွင် တိုက်ခိုက်သူများမှာ အီးမေးလ်လိပ်စာများ၊ အင်တာနက်လိပ်စာများ (သို့မဟုတ်) ဖုန်းနံပါတ်များကဲ့သို့သော အချက်အလက်များ ရယူရန် ကြိုးပမ်းနိုင်ဖွယ်ရှိသည်ဟု ပါဝင်သည်။

Ref: Aljazeera

Comments

Leave a Reply