ဒီဇင်ဘာ ၂၇၊ ၂၀၁၅
M-Media
– ဆောက်သက်တမ်အား ၄ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် ယမန်နေ့ပွဲတွင် မိမိတို့ကစားသမားများမှာ စိတ်နှစ်မြှုပ်ကစားခြင်း မရှိခဲ့ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ဝေဖန်ပြောကြားလိုက်သည်။
Boxing Day ဖြစ်သော ယမန်နေ့က ကစားခဲ့သည့်ပွဲများတွင် ထိပ်ဆုံးမှ လက်စတာစီးတီးအသင်းမှာ လီဗာပူးလ်အား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး တစ်မှတ်အကွာဖြင့် ဒုတိယနေရာမှ အာဆင်နယ်မှာ ထိုအရှုံးကို အခွင့်ကောင်းမယူနိုင်ခဲ့ပေ။
“ဒီရလဒ်ကို ကျွန်တော့်စိတ်ထဲမှာ စွဲစွဲလန်းလန်းကြီး မှတ်မထားပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ စိန်ခေါ်မှုတော်တော်များများကို အရှုံးပေးခဲ့ရပြီး သူတို့ဟာ ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ ပထမဂိုးကို ကံမကောင်းစွာနဲ့ ပေးလိုက်ရတယ်။ ကွန်စီယဲလ်နီ ပြစ်ဒဏ်ကျူးလွန်ခံလိုက်ရပြီး ပေးလိုက်ရတဲ့ ဒုတိယဂိုးကလည်း ကျွန်တော်တို့အတွက် အလှည့်အပြောင်း ဖြစ်စေခဲ့ပါတယ်။ ဒိုင်လူကြီးကတော့ ဒါကို မမြင်ခဲ့ပါဘူး” ဟု ဆောက်သက်တမ်နှင့်ပွဲအကြောင်းကို ၀င်းဂါးက ပြောကြားခဲ့ပြီး ကစားသမားများမှာ စိတ်နှစ်မြှုပ်ကစားမှုမရှိဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.