ဒီဇင်ဘာ ၃၁၊ ၂၀၁၅
M-Media
– ၂၀၁၅ ခုနှစ်တွင် ဆုဖလား ၅ လုံးအထိ ရရှိခဲ့သော်လည်း မိမိတို့အသင်း၏ ဆုဖလားဆာလောင်မှုမှာ လာမည့်နှစ်တွင်လည်း လျော့ကျသွားမည်မဟုတ်ဟု ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး မက်ဆီက ပြောကြားလိုက်သည်။
ယမန်နေ့က ရီးယဲလ်ဘက်တစ်အသင်းအား ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဘာစီလိုနာမှာ လာလီဂါ၏ ရာသီဝက်ချန်ပီယံ ဖြစ်ခဲ့သည်။ မက်ဆီအတွက် ထိုပွဲမှာ ဘာစီလိုနာတွင် ပွဲပေါင်း ၅၀၀ ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းကမူ လာမည့်နှစ်တွင် ယခုထက်ပို၍ ပိုမိုအောင်မြင်ချင်နေသည်။
“ကျွန်တော်တို့လုပ်ခဲ့သလို တိုးတက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ဆက်ပြီး နိုင်ပွဲတွေရယူချင်တဲ့ လူစာရင်း ကျွန်တော်တို့မှာ ရှိနေပါတယ်။ ၂၀၁၅ ခုနှစ်ဟာ ကြီးကျယ်တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ကျွန်တော်တို့ကလည်း ဒီလိုပဲ အဆုံးသတ်ချင်ခဲ့တာပါ” ဟု မက်ဆီက ဘက်တစ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.