ဇန်န၀ါရီ ၁၀၊ ၂၀၁၆
M-Media
– ဘိုင်ယန်မှ ထွက်ခွာတော့မည့် ဂွါဒီယိုလာအနေဖြင့် စတမ်းဖို့ဘရစ်ခ်ျသို့ ရောက်ရှိလာပါကလည်း အောမြင်လိမ့်မည်ဟု ချယ်ဆီးအသင်း၏ ယာယီနည်းပြ ဂူစ်ဟစ်ဒင့်က ပြောကြားလိုက်သည်။
ဒီဇင်ဘာတွင် မော်ရင်ဟိုထွက်သွားပြီးနောက် ဟစ်ဒင့်မှာ ရာသီကုန်အထိ ချယ်ဆီးအသင်း၏ နည်းပြ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ဂွါဒီယိုလာမှာမူ ဘိုင်ယန်နှင့် ထပ်မံ သက်တမ်းတိုးတော့မည်မဟုတ်ဘဲ ၎င်းကိုယ်တိုက်ကလည်း မိမိအနေဖြင့် ပရီးမီးယားလိဂ်ကို လာရောက်ချင်ကာ အသင်းတော်တော်များများကလည်း ကမ်းလှမ်းထားသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖွင့်ဟပြောဆိုခဲ့သည်။
မန်စီးတီးနှင့် မန်ယူတို့က ဂွါဒီယိုလာအား အလိုချင်ဆုံးဖြစ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
“သူ ဒီမှာ အံဝင်ပါ့မလားဆိုရင်တော့ – သူဟာ ကမ္ဘာပေါ်က ဘယ်ကလပ်တွေမှာမဆို အံဝင်ပါလိမ့်မယ်။ သူက နည်းပြတွေကို ဖိအားပေးနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဒါမျိုးတွေ ရိုးနေပါပြီ။ စပိန်မှာ နှစ်ပေါင်းတော်တော်ကြာကြာ ကျွန်တော်အလုပ်လုပ်ဖူးပြီး လာလီဂါဟာ လှပတဲ့ လိဂ်တစ်ခုပါ။ ပက်ပ် (ဂွါဒီယိုလာ) ကတော့ လိဂ်နှစ်ခုမှာ အလုပ်လုပ်တာကြောင့် ပရီးမီးယားလိဂ်လာဖို့ ဆန္ဒကို ဘာဖြစ်လို့ ထုတ်ပြောတယ်ဆိုတာ ကျွန်တော် စဉ်းစားလို့ ရပါတယ်” ဟု ဟစ်ဒင့်က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.