ဇန်န၀ါရီ ၁၃၊ ၂၀၁၆
M-Media
– ခြစားမှုစွပ်စွဲချက်များ ထွက်ပေါ်လာခြင်းနှင့်ပတ်သက်၍ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဂျဲရိုမီ ဗာ့လ်ခ်ကီကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဟု ကမ္ဘာဘောလုံးအဖွဲ့ချုပ် ဖီဖာက ကြေငြာလိုက်သည်။
အသက် ၅၅ နှစ်အရွယ်ရှိ ဗာ့လ်ခ်ကီမှာ ခြစားမှုများရှိခဲ့သည်ဟု သတင်းများကြောင့် ဘောလုံးနှင့်ဆက်စပ်သည့် လှုပ်ရှားမှုအားလုံးမှ ရပ်ဆိုင်းခံထားရသူဖြစ်ပြီး ကျင့်ဝတ်ကော်မတီက တရားဝင်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
ဥက္ကဌဘလတ္တာ၏ ညာလက်ရုံးဖြစ်သော ဗာ့လ်ခ်ကီမှာ ၂၀၁၄ ဘရာဇီးလ်ကမ္ဘာဖလားပြိုင်ပွဲအတွက် လက်မှတ်များကို နားလည်မှုဖြင့် လက်သိပ်ထိုးရောင်းချရန် ရည်ရွယ်သော ကိစ္စတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံခဲ့ရသည်။ သို့သော်လည်း အဆိုပါကိစ္စမှာ ဖြစ်လာခဲ့ခြင်းမရှိပေ။ ၎င်းကမူ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
“ဖီဖာအရေးပေါ်ကော်မတီက ဂျဲရိုမီ ဗာ့လ်ခ်ကီကို ဖီဖာအထွေထွေအတွင်းရေးမှူးနေရာကနေ ချက်ချင်းထုတ်ပယ်ဖို့ ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၉ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့ကြောင့်မို့လို ဗာ့လ်ခ်ကီဟာ ဖီဖာရဲ့ အထွေထွေအတွင်းရေးမှူး မဟုတ်တော့ပါဘူး။ ဖီဖာနဲ့ ဗာ့လ်ခ်ကီကြားက အလုပ်သဘောအရ ဆက်ဆံရေးကို အဆုံးသတ်လိုက်ပါပြီ” ဟု ဖီဖာမှ တရားဝင်ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
ခြစားမှုပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည့် ဖီဖာမှာ ဥက္ကဌ ဘလတ္တာနှင့် ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီတို့အား မကြာသေးမီကပင် ဘောလုံးလောကမှ ၈ နှစ်ပိတ်ပင်ခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.