ဇန်န၀ါရီ ၁၉၊ ၂၀၁၆
M-Media
– မိမိ၏ ၁၀ နှစ်တာ ကစားသမားသက်တမ်းတွင် အာဆင်နယ်အသင်း၏ ယခုအချိန်ရှိနေသည့် စိတ်ဓာတ်ခိုင်မာမှုမျိုး မည်သည့်အချိန်ကမှ မတွေ့ဘူးခဲ့ဟု တိုက်စစ်မှူး ဝေါလ်ကော့က ပြောကြားလိုက်သည်။
အာဆင်နယ်မှာ ၎င်းတို့ နောက်ဆုံးပရီးမီးယားလိဂ်ကို ရရှိခဲ့သည် ၂၀၀၄ နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယာလိဂ်ဖလားကို ဗိုလ်စွဲရန် ယခုနှစ်တွင် အကောင်းဆုံးအနေအထား ဖြစ်နေသည်။ ဆောက်သက်တမ်အသင်းမှ အသက် ၁၆ နှစ်အရွယ် ၂၀၀၆ ခုနှစ်က ပြောင်းရွှေ့လာခဲ့သည့် ဝေါလ်ကော့ကမူ အသင်း၏ စိတ်ဓာတ်ခိုင်မာမှုကို ဖွင့်ဟခဲ့သည်။
“အ၀တ်လဲခန်းထဲက ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုမှာ ကျွန်တော်မြင်လာရသမျှမှာ အကောင်းဆုံးပါပဲ။ ပီတာချက်ရောက်လာတာဟာ ဒီစိတ်ဓာတ်ခိုင်မာမှုကို တိုးတက်စေခဲ့ပါတယ်” ဟု ဝေါလ်ကော့က အာဆင်နယ်အသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
ထို့ပြင် ဂိုးသမားပီတာချက်ကိုလည်း ဝေါလ်ကော့က ချီးကျူးပြောဆိုခဲ့သည်။
“အခုအချိန်ဟာ အကောင်းဆုံအချိန်ဖြစ်နေတယ်။ ငါတို့ကွင်းမှာ ဘယ်သူမှ အနိုင်ယူလို့မရဘူးလို့ ပြောပြီး သူက လူတိုင်းကို ခေါင်းမော့စေခဲ့ပါတယ်”
Ref: Goal


Leave a Reply
You must be logged in to post a comment.