ဇန်န၀ါရီ ၂၉၊ ၂၀၁၆
M-Media
– မိမိ၏အနာဂတ်နှင့်ပတ်သက်၍ ဘာစီလိုနာပရိတ်သတ်များ စိတ်အေးအေးထားကြရန် တိုက်စစ်မှူးနေးမာက ပြောကြားလိုက်ပြီး မိမိအနေဖြင့် ခက်ခဲသော ဆုံးဖြတ်ချက်ဖြင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။
ဘာစီလိုနာတွင် နေးမာ၏ စာချုပ်မှာ ၂၀၁၈ ခုနှစ်မှ သက်တမ်းကုန်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ဘာစီလိုနာက သက်တမ်းတိုးရန် ဆွေးနွေးနေသည်။ ရီးယဲလ်နှင့် မန်ယူတို့အပါအ၀င် ဥရောပအသင်းကြီးများကလည်း ၎င်းအား ပစ်မှတ်ထားနေကြပြီး နေးမာကိုယ်တိုင်က ၎င်းမှာ ပရီးမီးယားလိဂ်သို့ သွားရောက်မည်ဟု ဖွင့်ဟထားသည့် ဂွါဒီယိုလာ၏ လက်အောက်တွင် ကစားချင်သည်ဟု ဆိုသည်။
သို့သော်လည်း လက်ရှိအချိန်တွင် မိမိမှာ ခက်ခဲသော ဆုံးဖြတ်ချက်နှင့် ရင်ဆိုင်နေရသည်ဟု နေးမာက ပြောကြားခဲ့သည်။
“သက်တမ်းတိုးမယ့်ကိစ္စနဲ့ အရာရာတိုင်းအတွက် အားလုံးနဲ့ ဆွေးနွေးမှုတွေ လုပ်နေရပါတယ်။ ဘာစီလိုနာမှာ ကျွန်တော် တော်တော်လေးပျော်ရွှင်ပါတယ်။ ကျွန်တော်လိုချင်တာအားလုံးနီးပါးလည်း ရနေတယ်။ ကစားဖို့အတွက် ပျော်ရွှင်မှု၊ ကျန်းမာရေးနဲ့ အရာအားလုံး ကျွန်တော့်ဆီမှာ ရှိနေပါတယ်။ လှပတဲ့မြို့၊ ကြီးကျယ်တဲ့ကလပ်၊ ချစ်စရာကောင်းတဲ့ ပရိတ်သတ်နဲ့ တစ်ခြားကမ္ဘာကအလား ထင်မှတ်ရတဲ့ ကစားသမားတွေရှိနေတဲ့ ဒီကနေ ထွက်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် ကိစ္စတိုင်းကို ထည့်တွက်ရမှာပေါ့လေ။ ဆုံးဖြတ်ဖို့ခက်တဲ့ ကိစ္စတွေရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒီမှာ ရှိနေဆဲဖြစ်တာကြောင့် စိတ်အေးအေးထားရမှာပါ” ဟု နေးမာက ပြောကြားခဲ့သည်။
Ref : Goal


Leave a Reply
You must be logged in to post a comment.