ဖေဖော်ဝါရီ ၁၊ ၂၀၁၆
M-Media
– ဘောလုံးရာသီ ၁ ရာသီအတွင်း ပရီမီးလီးယားလိဂ်အသင်းများ၏ အပြောင်းအရွှေ့အသုံးစားရိတ်မှာ ယခုနှစ်တွင် စံချိန်တင်ပမာဏအဖြစ် ပထမဆုံးအကြိမ် စတာလင်ပေါင် ၁ ဘီလီယံသို့ ရောက်ရှိခဲ့သည်ဟု သိရသည်။
ပရီးမီးယားလိဂ်အသင်းများမှာ လက်ရှိ ဇန်န၀ါရီအပြောင်းအရွှေ့တွင်ပင် ပေါင်း သန်း ၁၃၀ အသုံးပြုထားပြီး ရာသီအစ နွေရာသီအပြောင်းအရွှေ့နှင့် ပေါင်းပါက ပေါင် သန်း ၁ ထောင်ကျော် ရှိခဲ့ကာ ပြီးခဲ့သည့်နှစ်က အပြောင်းအရွှေ့အသုံးစားရိတ် ပေါင်း ၉၆၅ သန်းကို ကျော်တက်ခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါ ပေါင် ၉၆၅ သန်းမှာလည်း စံချိန်တင် ပမာဏဖြစ်ခဲ့သည်။
အပြောင်းအရွှေ့မှာ အင်္ဂလန်စံတော်ချိန် တနင်္လာနေ့ ၂၃ နာရီတွင် ပိတ်မည်ဖြစ်သောကြောင့် ပရီးမီးယားလိဂ် အပြောင်းအရွှေ့အသုံးစားရိတ်မှာ ပိုမိုမြင့်တက်ဖွယ် ရှိနေသည်။ ပြီးခဲ့သည့် ဘောလုံးရာသီ ဇန်န၀ါရီအပြောင်းအရွှေ့တွင် ပရီးမီးယားလိဂ်အသင်းများ၏ အပြောင်းအရွှေ့ အသုံးစားရိတ်မှာ ပေါင် ၄၅ သန်းသာ ရှိခဲ့သည်။
ယခုနှစ် ဆောင်းရာသီအပြောင်းအရွှေ့တွင် ပြောင်းအရွှေ့ကြေးအများဆုံး သုံးထားသည့်အသင်းမှာ နယူးကာဆယ်ဖြစ်ပြီး ကစားသမား ၃ ဦးအတွင် ပေါင် ၂၉ သန်း သုံးစွဲထားသည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.