ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
M-Media
– ယူရိုပါလိဂ်တွင် ဒိန်းမတ်အသင်းငယ် Midtjylland အား စိတ်ပျက်ဖွယ်ရာ ခြေစွမ်းဖြင့် ရှုံးနိမ့်မှုအတွက် ပရိတ်သတ်များ၏ ဝေဖန်မှုမှာ မှန်ကန်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။
ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် မန်ယူမှာ ခြေစွမ်းမပြနိုင်ဘဲ ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ပွဲအပြီးတွင် မန်ယူပရိတ်သတ်များက အသင်းနှင့် ကစားသမားများကို လှောင်ပြောင် အော်ဟစ်ခဲ့ကြသည်။ ဗန်ဂါးလ်ကမူ မန်ယူအသင်း၏ ရှက်စရာကောင်းသည့် ဥရောပညအတွက် ပရိတ်သတ်များ၏ ခံစားမှုကို နားလည်သည်ဟု ဆိုသည်။
“ဒုတိယပိုင်းကိုကြည့်တဲ့အခါ သူတို့မှန်တယ်ဆိုတာကို ခင်ဗျားတို့ မြင်ရမှာပါ။ ပရိတ်သတ်တွေက ဝေဖန်လို့ရပါတယ်။ ကျွန်တော်တို့ တိုးတက်ဖို့လိုပြီး ဒါမှသာ ပရိတ်သတ်တွေက ကျွန်တော်တို့ကို ပြန်ပြီး ထောက်ခံပါလိ့မ်မယ်။ ကျွန်တော်တို့ စိတ်ပျက်သလို သူတို့လည်း စိတ်ပျက်ခဲ့ကြတာပါ။ ကျွန်တော်တော်တို့ကို အားပေးခဲ့တဲ့ ပရိတ်သတ်တွေကို ကျွန်တော် တော်တော်လေး ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ နိုင်လိုစိတ်ရှိရမယ်။ အိုးထရက်ဖို့ဒ်မှာ ကျွန်တော်တို့ အနိုင်ကစားရပါမယ်။ အဲဒါမှ နောက်တစ်ဆင့်ကို ကျွန်တော်တို့ တက်နိုင်မှာပါ။ ကျွန်တော်တို့ ဒါကိုလုပ်ရမယ်။ ဒါပေမယ့် လွယ်တော့မလွယ်ပါဘူး” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
Ref: Dailymail
Leave a Reply
You must be logged in to post a comment.