News @ M-Media

မော်ရင်ဟိုအား ပရီးမီးယားလိဂ်တွင်သာ ဘက်ခမ်းက ရှိစေချင်နေ

ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆
M-Media

morinho

– ပြီးခဲ့သည့် ဒီဇင်ဘာက ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် မော်ရင်ဟိုမှာ အခြား ပရီးမီးယားလိဂ်အသင်းတစ်သင်းသို့ နည်းပြလိမ့်မည်ဟု မိမိမျှော်လင့်ကြောင်း အင်္ဂလန်ကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်းက ပြောကြားလိုက်သည်။

မော်ရင်ဟိုမှာ ရာသီကုန်တွင် မန်ယူအား ကိုင်တွယ်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း ၎င်းကိုယ်တိုင်က အသင်းဟောင်းအင်တာသို့ ပြန်သွားနိုင်သည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားခဲ့သောကြောင့် အနာဂတ်မှာ မရေမရာဖြစ်နေသည်။ မန်ယူဂန္တ၀င်ကစားသမားဟောင်း ဘက်ခမ်းကမူ မော်ရင်ဟိုအား ပရီးမီးယားလိဂ်တွင်ပင် ဆက်လက် ရှိနေစေချင်သည်။

“မော်ရင်ဟိုဟာ မကြာခင်မှာ ပရီးမီးယားလိဂ်ကို ပြန်လာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပရီးမီးယားလိဂ်မှာ ဒီလို အရည်အသွေးရှိတဲ့သူတွေ လိုပါတယ်” ဟု ဘက်ခမ်းက talkSPORT သို့ ပြောကြားခဲ့သည်။

ပြီးခဲ့သည့်တစ်ပတ်က အင်တာမီလန်အသင်း၏ စီးရီးအေပွဲသို့ လာရောက်ကြည့်ရှုရန် မော်ရင်ဟိုအား ဖိတ်ခေါ်ခဲ့သည့် အင်တာမီလန်အသင်း၏ တာဝန်ရှိသူ ဘက်ဒီ မိုရက်တီကလည်း မော်ရင်ဟိုမှာ မန်ယူသို့သွားမည်ဟု ဆိုသည်။

“အခုအချိန်မှာ သူဟာ သိပ်ပျော်နေပါတယ်။ မန်ယူကို သူ သွားတော့မှာပါ။ ဒါ့ကြောင့် သူဟာ တော်တော်လေး ကျေနပ်နေပါတယ်”

Ref: Goal

Comments

Leave a Reply