ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆
M-Media
– မက္ကဆီကိုနိုင်ငံက San Luis Potosi တက္ကသိုလ်မှာ အာရဘီဘာသာကစား သင်ကြားဖို့အတွက် သင်ရိုးညွှန်းတမ်းအသစ်ကို ထည့်သွင်းလိုက်ပြီး မက္ကဆီကိုနိုင်ငံဆိုင်ရာ ကူဝိတ်သံအမတ် ဆမီး ဂျိုဟာ ဟာယသ်ကတော့ ဒီအောင်မြင်မှုဟာ အာရပ်သံအမတ်များကောင်စီရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
San Luis Potosi မြို့ အုပ်ချုပ်ရေးမှူး မန်နျူယဲလ် လိုပက်ဇ် ကာရီရက်စ်နဲ့ အာရပ်သံတမန်များကောင်စီ မက္ကဆီကိုနိုင်ငံ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း ယခုလို ကြေညာလိုက်တာဖြစ်ပါတယ်။ ၎င်းတို့ဆွေးနွေးပြောဆိုခဲ့တဲ့အထဲမှာ အာရပ်-မက္ကဆီကို ဆက်ဆံရေးကို နယ်ပယ်အမျိုးမျိုး အထူးသဖြင့် စီးပွားရေးနဲ့ ပညာရေးကဏ္ဍတွေမှာ ပိုမိုခိုင်မာလာစေဖို့ အကြောင်းတွေ ပါဝင်ပါတယ်။
မက္ကဆီကိုသမ္မတ အန်းရစ် ပီနာ နီယက်တိုက ပြီးခဲ့တဲ့လမှာ ကူဝိတ်၊ ဆော်ဒီ၊ ယူအေအီးနဲ့ ကာတာနိုင်ငံတို့ကို သမိုင်းဝင် လည်ပတ်ခဲ့ပြီး အဲဒီခရီးစဉ်အတွင်းမှာ ကူဝိတ်နိုင်ငံနဲ့ သဘောတူညီချက် ၁၂ ခုအပါအ၀င် အခြားသဘောတူညီချက်စာချုပ် ၅၀ လောက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဟာယသ်က ပြောကြားခဲ့ပါတယ်။
ကူဝိတ်သံအမတ်က အာရပ်နဲ့ မက္ကဆီကို ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပြီး အပြန်အလှန်လည်ပတ်တာတွေက အမျိုးမျိုးသောကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လက်လုပ်ကိုင်နိုင်ဖို့အတွက် လမ်းဖွင့်ပေးလိမ့်မယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
Ref: IINA


Leave a Reply
You must be logged in to post a comment.