ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆
M-Media
– ပရီးမီးယားလိဂ် ဇယားကို ဦးဆောင်နေသည့် လက်စတာအသင်း၏ တိုက်စစ်မှူးဖြစ်သူ ဂျာမီ ဗာဒီက မိမိအတွက် အခက်ခဲဆုံးပြိုင်ဘက်မှာ မန်ယူအသင်းမှ ခရစ်စမောလင်းဖြစ်သည်ဟု ဖွင့်ဟပြောကြားလိုက်သည်။
အင်္ဂလန်တိုက်စစ်မှူး ဗာဒီမှာ လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်၌ ၁၉ ဂိုး သွင်းယူထားကာ ဂိုးအများဆုံးသွင်းယူသည့် စာရင်းတွင် ထိပ်ဆုံး၌ ဦးဆောင်နေသည်။ ၎င်းကမူ မိမိအတွက် အခက်အခဲဆုံး ပြိုင်ဘက်မှာ တစ်နိုင်ငံတည်းသား စမောလင်းဖြစ်သည်ဟု ဆိုသည်။
“တစ်ယောက်ချင်းအဆင့်မှာတော့ ခရစ်စမောလင်းဟာ ကျွန်တော့်အတွက် အခက်ခဲဆုံးပါ။ သူဟာ တော်တော်လေး သန်မာပြီး၊ ဘာမှလုပ်လို့မရအောင်၊ လှည့်ထွက်လို့မရအောင် တားဆီး ပိတ်ပင်တတ်ပါတယ်။ အဲဒီအချိန်မျိုးမှာ အသင်းဖော်တွေကိုလည်း လှုပ်ရှားလို့ရအောင် ဆောင်ရွက်ဖို့ ခက်ပါတယ်” ဟု ဗာဒီက ပြောကြားခဲ့သည်။
လက်စတာနှင့် မန်ယူတို့မှာ ဧပြီလ ၃၀ ရက်နေ့ နောက်ပိုင်းမှ တွေ့ဆုံရမည်ဖြစ်သောကြောင့် ဗာဒီမှာ စမောလင်းနှင့် လတ်တလော ထိပ်တိုက်တွေ့ဆုံရန် မရှိသေးပေ။
Ref: Goal


Leave a Reply
You must be logged in to post a comment.