မတ် ၂၊ ၂၀၁၆
M-Media
– ဘောလုံသမားဘ၀မှ အနားမယူခင် မိမိမှာ အာဂျင်တီးနားရှိ ကလပ်အသင်းတစ်ခုခုတွင် ကစားချင်သည်ဟု ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောကြားလိုက်သည်။
၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ရရှိခဲ့သည့် မက်ဆီက မိမိအနေဖြင့် ဘာစီလိုနာမှလွဲ၍
အခြားသော အသင်းများတွင် မကစားဟု အကြိမ်ကြိမ်အခါခါ ပြောကြားထားသော်လည်း ၎င်းမွေးဖွားရာ အာဂျင်တီးနားတွင်ြ
ပန်လည်ကစားရန် အစီအစဉ်ရှိနေသည်။
“ဒါဟာ ကျွန်တော် ဆောင်ရွက်ချင်နေတဲ့ ကိစ္စတစ်ခုပါပဲ။ ဘယ်တော့လဲဆိုတာတော့ ကျွန်တော် မပြောတတ်သေးပါဘူး။ ဒါပေမယ့် ဒါဟာ ဖြစ်နိုင်ခြေပါ။ ရေတိုအတွက်ရော၊ ရည်ရှည်အတွက်ပါ ကျွန်တော် ရည်ရွယ်ချက်ပန်းတိုင်တွေ သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဒါပေမယ့် ခန္ဓာကိုယ်က လိုက်နိုင်သမျှကာလပတ်လုံး ကစားသွားမှာပါ။ အသင်းအတွက် ပေးဆပ်စရာတွေလည်း ရှိနေပါသေးတယ်။ အချိန်ကျပြီဆိုရင်တော့ ဆုံးဖြတ်ချက် ချသွားမှာပါ” ဟု မက်ဆီက ပြောကြားခဲ့သည်။
ထိုပြင် အာဂျင်တီးနားလက်ရွေးစင်အသင်းဖြင့် ဆုဖလားများ မရရှိသေးသည့်အတွက် စိတ်ပျက်မိသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
“အာဂျင်တီးနားအသင်း ရှုံးတိုင်း ကျွန်တော် မကျေနိုင်မချမ်းနိုင် ဖြစ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့နိုင်သင့်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကတို့ကို ရရှိနိုင်လောက်အောင် ကျွန်တော်တို့ ကြိုးစားအားထုတ်ခဲ့ပါတယ်”
Ref: Goal


Leave a Reply
You must be logged in to post a comment.