မတ် ၅၊ ၂၀၁၆
M-Media
– ဒုတိယနေရာမှ စပါးအသင်းနှင့် ယနေ့တွင် ကစားရမည့် မိမိတို့အသင်းမှာ ခက်ခဲသည့်ကာလအတွက် အဆင်သင့်ဖြစ်နေသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
အာဆင်နယ်မှာ ထိပ်ဆုံးမှ လက်စတာနှင့် ၆ မှတ် ကွာဟနေပြီး ယနေ့တွေ့ဆုံမည့် စပါးအသင်းနှင့်ပွဲမှာ အမှတ်ကွာဟမှု ကျဉ်းမြောင်းရေးအတွက် အဓိကကြသည့်ပွဲ ဖြစ်နေသည်။ ၀င်းဂါးကမူ မိမိတို့မှာ လက်ရှိအချိန်တွင် ရာသီ၏ အရေးပါသော အစိတ်အပိုင်းသို့ ရောက်ရှိနေသည်ဟု ပြောကြားခဲ့သည်။
“သူတို့ (စပါး) ဟာ တိုးတက်လာခဲ့တယ်။ ပြီးခဲ့တဲ့ ၁၀ ပွဲမှာ ဒီပွဲဟာ ခက်ခဲမယ့်အချိန်ပါ။ ဒါ့ကြောင့် လူတိုင်းက ဒီပွဲကိုတော်တော်လေး စိတ်ဝင်စားနေတာပါ။ ပြီးခဲ့တဲ့နှစ်တွေမှာလည်း ကျွန်တော်တို့ဟာ သိသိသာသာ တည်ငြိမ်ခဲ့ပါတယ်။ (စပါးရဲ့အထက်မှာ) ကျွန်တော်တို့ ရာသီကို အဆုံးသတ်ချင်ပါတယ်။ ဒါ့ကြောင့် ဒီပွဲဟာ တော်တော်လေး အရေးပါပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.