မတ် ၇၊ ၂၀၁၆
M-Media
– အာဆင်နယ်၏ ရပ်တည်မှုများအတွက် ပရိတ်သတ်များ အဆိုးမြင်ခြင်းက ကစားသမားများ၏ ယုံကြည်မှုကို ထိခိုက်စေသည်ဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
လက်ရှိအချိန်တွင် တတိယနေရာမှ အာဆင်နယ်မှာ ထိပ်ဆုံးမှ လက်စတာနှင့် ၈ မှတ်ကွာဟနေပြီး လက်ကျန် ၉ ပွဲတွင် ခြေချော်၍ မရတော့ပေ။ ယခုတစ်ပတ် စပါးအား နောက်မှလိုက်ကစားကာ သရေရယူနိုင်ခဲ့သည့် အသင်း၏ စွမ်းဆောင်ရည်ကို ၀င်းဂါးက ကျေနပ်နေပြီး ကစားသမားများ၏ ကြိုးစားအားထုတ်မှုက မထင်မှတ်ထားသည့် အပြောင်းအလဲများ ဖြစ်နိုင်သည်ဟု ဆိုသည်။
“ပရိတ်သတ်တွေ ပျော်တာကိုပဲ ကျွန်တော် ပိုပြီး လိုလားပါတယ်။ ဒါပေမယ့် ပိုစိုးရိမ်တာက (ပရိတ်သတ်တွေရဲ့ အဆိုးမြင်မှုတွေကြောင့်) ကစားသမားတွေ ယုံကြည်မှု ထိခိုက်မှာကိုပါပဲ။ အသင်းတစ်သင်းအနေနဲ့ ကောင်းကောင်းမွန်မွန် တုန့်ပြန်နိုင်တယ်၊ ကစားနိုင်ခဲ့တယ်လို့ ကျွန်တော် ခံစားရပါတယ်။ ရလဒ်အတွက် နောင်တရနိုင်သလို နောက်ပွဲကို ထိထိရောက်ရောက် တုံ့ပြန်နိုင်ပါတယ်။ ဒါ့ကြောင့် ကစာသမားတွေဟာ တောင့်တင်းနေပြီး စိတ်ဓာတ်လည်း တက်ကြွနေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.