မတ် ၁၄၊ ၂၀၁၆
M-Media
– ယခုနှစ်ပရီးမီးယားလိဂ်တွင် လက်စတာစီးတီးအသင်းသာ ဗိုလ်စွဲခဲ့ပါက အသင်းလိုက်ကစားသည့် အားကစားတွင် အကောင်းဆုံးအချိန်ကာလ ဖြစ်မည်ဟု တိုက်စစ်မှူးဟောင်း ဂယ်ရီ လင်အီကာက ပြောကြားလိုက်သည်။
လက်စတာမှာ ရာသီအစကတည်းက ခြေစွမ်းကောင်းများကို ပြသနေခဲ့ပြီး လက်ရှိအချိန်တွင် ဒုတိယနေရာမှ စပါးအသင်းထက် တစ်ပွဲလျော့ ၂ မှတ်အသာဖြင့် ဇယားကို ဦးဆောင်နေသည်။ ယနေ့တွင် နယူးကာဆယ်နှင့် ကစားပြီးနောက် အနိုင်ရရှိပါက ၅ မှတ် ဖြတ်နိုင်မည်ဖြစ်သည်။
လင်အီကာကမူ လက်စတာမှာ မဖြစ်နိုင်သည့် အောင်မြင်မှုမျိုးကို လုပ်နိုင်မည်ဟု ယုံကြည်နေသည်။
“ကျွန်တော်တို့မြင်နေရတဲ့ လက်စတာ ဖလားရနိုင်တဲ့ အခြနေအနေမျိုးဟာ အသင်းအဖွဲ့လိုက် အားကစားသမိုင်းမှာ မဖြစ်နိုင်ဆုံးသော အောင်မြင်မှု ဖြစ်လာနိုင်တဲ့ အနေအထားမျိုးပါ။ အိမ်ကွင်းမှာပဲ ဒီအခြေအနေဟာ အဆုံးသတ်သွားနိုင်သလို၊ အိပ်မက်တွေကလည်း သနာစရာကောင်းတဲ့ အဖြစ်အပျက်တွေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလိုဖြစ်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ဘောလုံးလောကမှာ ထူးခြားဆန်းပြားမှု တစ်ခုခုက ဖြစ်နေကြပါ။ တကယ့် ထင်မြင်ယူဆချက်ကို ဆန့်ကျင်တာမျိုး၊ မှော်ဆန်တာမျိုးပေါ့လေ” ဟု လင်အီကာက Guardian သတင်းစာတွင် ရေးသားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.