မတ် ၂၉၊ ၂၀၁၆
M-Media
– အာဆင်နယ်မှာ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာသောကြောင့် ဖိအားများရှိနေသော်လည်း မိမိမှာ အသင်းတွင် ဆက်ရှိနေမည်ဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
ပြိုင်ပွဲအားလုံး နောက်ဆုံး ၉ ပွဲတွင် ၂ ပွဲသာ အနိုင်ရထားသည့် အာဆင်နယ်မှာ ချန်ပီယံလိဂ်၊ FA တို့မှ ထွက်ခဲ့ရကာ ပရီးမီးယားလိဂ်တွင်လည်း ထိပ်ဆုံးမှ လက်စတာနှင့် တစ်ပွဲလျော့ ၁၁ မှတ်အကွာတွင် ရှိနေသည်။ ထို့ကြောင့် ပရိတ်သတ်များကမူ ၀င်းဂါး၏ နှစ်ပေါင်း ၂၀ ကြာ သက်တမ်းကို အဆုံးသတ်ချင်နေသည်။
ဝင်းဂါးကမူ အနာဂတ်တွင် အသင်း၌ ဆက်ရှိနေမည်ဟု မျှော်လင့်နေသည်။
“ကျွန်တော်က စိတ်နှစ်မြှုပ်ထားတာကြောင့် အနာဂတ်အတွက် သံသယမရှိပါဘူး။ အလုပ်လုပ်တဲ့အခါတိုင်း ရာနှုန်းပြည့် အလုပ်လုပ်ပါတယ်။ ကျွန်တော်ဟာ အသင်းမှာရှိနေသမျှ ကာလပတ်လုံး အကောင်းဆုံး ပေးဆပ်သွားဖို့ စိတ်ပိုင်းဖြတ်ထားသူပါ။ ကျွန်တော်က ဒါပဲ အာရုံစိုက်နေတာပါ။ အရေးကြီးတာက နေ့တိုင်း အကောင်းဆုံး ဆောင်ရွက်သွားဖို့ပါ။ လူတွေပြောနေကြတာကို သိပ်ပြီး ခေါင်းထဲ မထည့်ပါဘူး။ ကျွန်တော့်ရဲ့ အနာဂတ်က ကျွန်တော့်ရဲ့ အနာဂတ်ပါပဲ။ ကျွန်တော်ဟာ ခင်ဗျားတို့ထက်ပိုပြီး အနာဂတ်ကို မစိုးမိုးနိုင်ပါဘူး” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.