ဧပြီ ၂၊ ၂၀၁၆
M-Media
– ပရီးမီးယားလိဂ်မှ တန်းဆင်းသွားရပါက မည်သည့်အခြေအနေမျိုး ဖြစ်လာနိုင်သည်ကို စဉ်းစားထားကြရန် နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်က ကစားသမားများအား သတိပေး ပြောကြားလိုက်သည်။
လက်ရှိအချိန်တွင် နယူးကာဆယ်မှာ တန်းဆင်းဇုန်နှင့် ၃ မှတ်သာ ကွာနေပြီး ယနေ့ည၌ နော်ဝစ်ခ်ျအသင်း၏ကွင်းတွင် သွားရောက်ကစားရမည်ဖြစ်ကာ ထိုပွဲမှာ ၎င်းတို့၏အနာဂတ်အတွက် အရေးပါသောပွဲလည်း ဖြစ်သည်။ ဘင်နီတက်ဇ်ကမူ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆင်းကစားရပါက ကြုံတွေ့ရမည့် အခြေအနေအတွက် အသင်းအား သတိပေးခဲ့သည်။
“ပရီးမီးယားလိဂ်မှာ ကျန်ရှိနေဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာကို ခေါင်းထဲထည့်ထားဖို့ ကျွန်တော် သူတို့အားလုံးကို ပြောပြီးပါပြီ။ ဒီအခြေအနေအတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ်ဆိုတာကိုလည်း သူတို့ သိကြပါတယ်။ အခြေအနေတွေပြောင်းလဲဖို့အတွက် သူတို့ အကောင်းဆုံး လုပ်ဆောင်ရပါလိမ့်မယ်။ ‘သူတို့ မစွမ်းဆောင်နိုင်လို့ ကျွန်တော် ထွက်ရပါတယ်’ ဆိုတာ ပြောဖို့ မလွယ်ပါဘူး။ အောက်တန်းကိုဆင်းရရင် လူတိုင်းအတွက် ကောင်းမှာမဟုတ်ပါဘူး” ဟု ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။
ဘင်နီတက်ဇ်၏ နယူးကာဆယ်အသင်းနှင့် စာချုပ်တွင် အသင်းတန်းဆင်းရပါက ၎င်းအား အသင်းမှ ထွက်ခွာခွင့် ပေးရမည်ဟု ပါရှိထားသည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.