ဧပြီ ၄၊ ၂၀၁၆
M-Media
– နိုင်ငံအသင်းနှင့် ကလပ်အသင်းတို့တွင် ပြိုင်ဘက်များ ပေါ်ထွက်လာနေသော်လည်း လာမည့်နှစ်အနယ်းငယ်အထိ မိမိမှာ အကောင်းဆုံးခြေစွမ်းဖြင့် ဆက်ကစားနိုင်သေးသည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။
ဒူးအရွတ်ဒဏ်ရာကြောင့် ဖေဖော်ဝါရီလကတည်းက အနားယူထားရသည့် ရူနီမှာ လူငယ်တိုက်စစ်မှူး ဟယ်ရီကိန်းနှင့် ဂျာမီ ဗာဒီတို့၏ ခြေစွမ်းပြနေမှု၊ ၀ဲလ်ဘတ်နှင့် စတားရစ်ခ်ျတို့ ရှိနေမှုကြောင့် ဇွန်လတွင်ကျင်းပမည့် ယူရို ၂၀၁၆ တွင် အင်္ဂလန်တိုက်စစ်မှူးနေရာအတွက် မရောမသေချာ ဖြစ်လာသည်။
သို့သော်လည်း အသက် ၃၀ အရွယ် ရူနီကမူ လောလောဆယ်တွင် ဘောလုံးလောကမှ အနားယူရန် အစီအစဉ် မရှိသေးဟု ပြောကြားခဲ့သည်။
“နှစ်အနည်းငယ်လောက် ဆက်ပြီး ခြေစွမ်းပြနိုင်အုံးမယ်လို့ ကျွန်တော် ခံစားရပါတယ်။ ဆက်ပြီးလည်း ကြိုးစားသွားပါမယ်။ ပထမဆုံးအနေနဲ့ အသင်းကို အောင်မြင်အောင် ကူညီပေးချင်တယ်။ ကျွန်တော့်ဂိုးတွေနဲ့ အသင်းအောင်မြင်မယ်ဆိုရင်တော့ အတိုင်းမသိ ၀မ်းသာမိမှာပါ” ဟု ရူနီက ပြောကြားခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.