ဧပြီ ၁၉၊ ၂၀၁၆
M-Media
– မိမိတို့အသင်းမှာ တန်းမဆင်းရအောင် ကြိုးစားနိုင်လိမ့်မည်ဟု နည်းပြဘင်နီတက်ဇ်နှင့် ကစားသမားအားလုံးက ယုံကြည်နေသည်ဟု နယူးကာဆယ် ကွင်းလယ်လူ မူဆာ ဆစ်ဆိုကိုက ပြောကြားလိုက်သည်။
တန်းဆင်းဇုန်ထဲရောက်နေသည့် နယူးကာဆယ်မှာ ယခုတစ်ပတ်တွက် ဆွမ်ဆီးအသင်းအား ၃ ဂိုး ပြတ်ဖြင့် အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်တွင်တင်ကျန်ရေး မျှော်လင့်ချက်မှာ ရှင်သန်လာခဲ့သည်။ နယူးကာဆယ်မှာ လက်ကျန်ပွဲများကို မန်စီးတီး၊ လီဗာပူးလ်၊ ခရစ္စတယ်ပဲလေ့စ်၊ အက်စတွန်ဗီလာနှင့် စပါးတို့ဖြင့် ကစားရမည်ဖြစ်သောကြောင့် တန်းဆင်းဇုန်အတွင်းရှိ အခြားအသင်းများထက်ပို၍ ပွဲကြပ်နေသည်။
သို့သော်လည်း ဆစ်ဆိုကိုကမူ နည်းပြဘင်နီတက်ဇ်က အသင်းတန်းမဆင်းရရေး မျှော်လင့်ချက်အသစ်ကို ဆောင်ကျဉ်းလာခဲ့သည်ဟု ဆိုသည်။
“ယုံကြည်ချက် ပြန်ရနေပါပြီ။ ကျွန်တော်တို့ တန်းဆင်းဇုန်က လွတ်နိုင်မှာပါ။ တကယ်လို့ မန်စီးတီးကိုနိုင်ရင် နော်ဝစ်ခ်ျနဲ့ ကျွန်တော်တို့ အမှတ်တူသွားပါပြီ။ လွယ်တော့ မလွယ်ဘူးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ ရေကုန်ရေခန်း ကစားသွားရမှာပါ။ ကျွန်တော်တို့ လုပ်နိုင်စွမ်းရှိတဲ့အတွက်ကြောင့် ယုံကြည်ချက်လည်း ရှိရပါလိမ့်မယ်။ အရင်ကလည်း အသင်းကြီးတွေကို ကျွန်တော်တို့ နိုင်ဖူးတယ်။ ဒီရာသီမှာလည်း လီဗာပူးလ်နဲ့ စပါးတို့ကို ကျွန်တော်တို့ နိုင်ထားပါတယ်” ဟု န ဆစ်ဆိုကိုက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.