News @ M-Media

ပရိတ်သတ်ထောက်ခံမှုမရှိပါက အာဆင်ဝင်းဂါး ထွက်ရမည်ဟု ရက်နပ်ပြော

ဧပြီ ၂၁၊ ၂၀၁၆
M-Media

winger 7

– အာဆင်နယ်နည်းပြ အာဆင်းဝင်းဂါး အသင်းမှ ထွက်ရမည့် တစ်ခုတည်းသောနည်းလမ်းမှာ ပရိတ်သတ်များ၏ ကျောခိုင်းမှုပင် ဖြစ်သည်ဟု စပါးနည်းပြဟောင်း ဟယ်ရီ ရက်နပ်က ပြောကြားလိုက်သည်။

ယခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခွင့် ဆုံးရှုံးခဲ့ပြီးနောက် ပရိတ်သတ်များမှာ ၀င်းဂါးအပေါ် စိတ်ပျက်မှုများ ဖြစ်ပေါ်လာခဲ့ပြီး ယနေ့ညတွင် ကစားမည့် ၀က်စက်ဘရွန်းနှင့်ပွဲတွင်လည်း အီမရိတ်ကွင်းသို့ ပြောင်းရွှေ့ပြီးနောက် အနိမ့်ဆုံး အရေအတွက်ဖြစ်သည့် ပရိတ်သတ် ၂၀၀၀၀ အထိသာ လာရောက်မည်ဟု လက်မှတ်ရောင်းချမှုများအရ သိရသည်။

Evening Standard သတင်းစာတွင်ရေးသားသည့် ရပ်နက်၏ ဆောင်းပါးတွင် ၀င်းဂါးအတွက် စာနာမိသော်လည်း ပရိတ်သတ်များ၏ သပိတ်မှောက်မှုကို လက်ခံသည်ဟု ဆိုသည်။

“အာဆင်ဝင်ဂါးအတွက် အရေးအကြီးဆုံး ပြဿနာက ပရိတ်သတ်တွေ လျော့သွားတဲ့ အချိန်ပါပဲ။ အဲဒီအချိန်ကျရင် ပြန်လမ်းမရှိပါဘူး။ ဒီနေ့ ၀က်စ်ဘရွန်းနဲ့ပွဲကို သပိတ်မှောက်ဖို့ အာဆင်နယ်ပရိတ်သတ်တွေ စီစဉ်ထားတယ်ဆိုတာကို ကျွန်တော် တွေ့ရပါတယ်။ ဒီလိုမျိုး ရှေ့ဆက်သွားမယ်ဆိုရင်တော့ ပရိတ်သတ်တွေဆီက အသံတွေကို အာဆင်နယ်က ကျယ်ကျယ်လောင်လောင် ကြားရမှာပါ။ အသင်းအတွက် အားလုံးပေးဆပ်ပြီးတဲ့နောက်ပိုင်းမှာ ပရိတ်သတ်တွေက သူ့ကို ကျောခိုင်းလာပြီဆိုရင်တော့ ဒီလောက်ဆို လုံလောက်ပြီဆိုတာ သူလည်း သိလာမှပါ” ဟု ရက်နပ်က ပြောကြားခဲ့သည်။

Ref: Goal

Comments

Leave a Reply