ဧပြီ ၂၆၊ ၂၀၁၆
M-Media
– ပြီးခဲ့သည့်တစ်ပတ်ကျော်က ၀က်စ်ဟမ်းအသင်းနှင့်ပွဲတွင် ကစားသမားတစ်ဦးအနေဖြင့် မသင့်လျော်သည့် အပြုအမူ ပြုလုပ်ခဲ့သည့်အတွက် လက်စတာတိုက်စစ်မှူး ဂျာမီ ဗာဒီမှာ ထပ်တိုး တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ပရီးမီးယားလိဂ်ဖလား အဆုံးအဖြတ်ဖြစ်သည့် မန်ယူနှင့်ပွဲတွင် ပါဝင်နိုင်မည်ဟုတ်ဟု သိရသည်။
ထိုပွဲတွင် နှစ်ဝါတစ်နီဖြင့် ဗာဒီမှာ အထုတ်ခံခဲ့ရပြီး ပြီးခဲ့သည့်ဆွမ်ဆီးနှင့်ပွဲတွင်လည်း ပါဝင်ခွင့်မရရှိခဲ့ပေ။ ထို့ပြင် ကစားသမားတစ်ဦးအနေဖြင့် မသင့်လျော်သည့် ၎င်း၏ အပြုအမူအတွက် စွဲချက်ကို ၎င်းက ၀န်ခံခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်တိုးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ဒဏ်ငွေ ပေါင် တစ်သောင်းလည်း ပေးဆောင်ရမည်ဖြစ်သည်။
ရာသီပြီးဆုံးရန် ၃ ပွဲအလိုတွင် ဒုတိယနေရာမှ စပါးအား ၇ မှတ်ဖြတ်ထားနိုင်သည့် လက်စတာမှာ ယခုတစ်ပတ်တွင် အိုးထရက်ဖို့ဒ်၌ မန်ယူအသင်းနှင့် ကစားရမည်ဖြစ်ပြီး အနိုင်ရရှိပါက အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်မည်ဖြစ်သည်။
သို့သော်လည်း အသင်းဂိုးသွင်းစက်ဖြစ်ပြီး ယခုရာသီတွင် ၂၃ ဂိုး သွင်းယူပေးထားနိုင်သည့် ဗာဒီမှာ ယခု ထပ်တိုးပွဲပယ်ပြစ်ဒဏ်ကြောင့် ထိုပွဲတွင် ပါဝင်နိုင်မည်မဟုတ်ပေ။ ဗာဒီမပါဝင်သည့် လက်စတာမှာ ဆွမ်ဆီးအား ၄ ဂိုးပြတ်ဖြင့် အနိုင်ကစားနိုင်ခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.