ဧပြီး ၂၉၊ ၂၀၁၆
M-Media
– လက်စတာအသင်းအနေဖြင့် ပရီးမီးယားလိဂ်ဖလားကို ယခုနှစ်တွင် မရရှိပါက နောက်ထပ် မည်သည့်အချိန်မှ ရရှိတော့မည်မဟုတ်ဟု PFA တစ်နှစ်တာအကောင်ဆုံး ဘောလုံးသမားဆုကို ပူပူနွေးနွေး ရရှိထားသည့် တိုက်စစ်မှူး ရီယာ့ဒ် မဟ်ရက်ဇ်က ပြောကြားလိုက်သည်။
ဒုတိယနေရာမှ စပါးအား ၇ မှတ်ဖြတ်ထားနိုင်သည့် လက်စတာမှာ ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် ကစားမည့် မန်ယူအ
သင်းနှင့်ပွဲတွင် အနိုင်ရရှိပါက အသင်း၏ ၁၃၂ နှစ်တာ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။
အသင်းအတွက် ပရီးမီးယားလိဂ်တွင် ၃၄ ပွဲ ပါဝင်ကစားထားပြီး ၁၇ ဂိုးသွင်းယူပေးထားကာ ၁၁ ဂိုး ဖန်တီးပေးထားသည့် မဟ်ရက်ဇ်ကမူ မိမိနှင့် အသင်းဖော်များအနေဖြင့် ယခုအခွင့်အရေးမှာ နောက်ထပ် မည်သည့်အချိန်တွင်မှ ပြန်လာနိုင်မည်မဟုတ်ဆိုသည်ကို သိရှိသည်ဟု ဆိုသည်။
“ကျွန်တော်တို့မှာ အကောင်ဆုံးကစားသမားတွေ မရှိသလို၊ ဘက်ဂျက်လည်း မတောင့်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှုက အခရာကျခဲ့တာပါ။ ကျွန်တော်တို့ ကံလည်း နည်းနည်းကောင်းခဲ့ပါတယ်။ ဒီနှစ်မှ ဖလားမရရင်တော့ နောက် ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။ ဇန်န၀ါရီလအထိ ဖလားရမယ်လို့ ကျွန်တော်တို့ တွေးတောင်မတွေးခဲ့ပါဘူး။ အဲဒါဟာ ဖြစ်နိုင်ခြေတစ်ခု ဖြစ်လာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ခေါင်းထဲကို ၀င်ခွင့်မပြုခဲ့ပါဘူး” ဟု မဟ်ရက်ဇ်က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.