ဧပြီ ၃၀၊ ၂၀၁၆
M-Media
– ဖလားမိုးခေါင်မှုကို အဆုံးသတ်ရန်အတွက် အာဆင်နယ်အသင်းမှာ ပြုပြင်ပြောင်းလဲမှု မဖြစ်မနေ ပြုလုပ်ရမည်ဟု တိုက်စစ်မှူး ကာဇိုလာက ပြောကြားလိုက်သည်။
၂၀၀၃-၀၄ နောက်ပိုင်း အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်ဖလားရနိုင်ခြေ အခွင့်အလမ်းမှာ ယခုနှစ်အတွင် အကောင်းဆုံးဖြစ်သော်လည်း ထိုအခွင့်အရေးကို ဆုပ်ကိုင်နိုင်ခြင်း မရှိခဲ့ပေ။ စပိန်တိုက်စစ်မှူး ကာဇိုလာကမူ အာဆင်နယ်တွင် ချို့ယွင်းချက်များ ရှိနေသည်ဟု ၀န်ခံခဲ့ပြီး အနာဂတ်အတွင် ကံကောင်းရန်အတွက် ပြောင်းလဲရန် လိုအပ်နေသည်ဟု ဆိုသည်။
“တစ်ခုခုတော့ ကျွန်တော်တို့ ကျိန်းသေ ပြောင်းလဲရပါလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့ ဖလားရချင်ရင်တော့ ကျွန်တော်တို့ ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဘာလုပ်ရမလဲဆိုတာလည်း ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် တည်ငြိမ်မှုကို ပိုပြီး လိုအပ်နေတာပါ။ ဒီနှစ်မှာ ကျွန်တော်တို့ ဆွမ်ဆီးကို အိမ်ကွင်းမှာရှုံးတယ်၊ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ သရေကျတယ်။ ပရီးမီးယားလိဂ်ကိုရချင်ရင် ဒါတွေက ဖြစ်လို့မရတဲ့ ကိစ္စတွေပါ။ ကျွန်တော်တို့မှာရှိတာက နိုင်လိုစိတ်နဲ့ ကောင်းမွန်တဲ့ ကစားပုံပါပဲ။ ကျွန်တော်တို့ အမြဲတမ်း တိုက်စစ်ဆင်ချင်ပြီး ဂိုးတွေသွင်းချင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ကျွန်တော်တို့က ပါးနပ်ဖို့လိုပါတယ်။ ၁ ဂိုး ဂိုးမရှိနဲ့နိုင်ရင် ဒီရလဒ်ကို ထိန်းပြီး ၃ မှတ်ရဖို့ လုပ်တာမျိုးပေါ့ဗျာ” ဟု ကာဇိုလာက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.