မေ ၂၇၊ ၂၀၁၆
M-Media
– FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှ စ၍ ပြန်ကန်ပွဲစဉ်များအား အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ပယ်ဖျက်ခဲ့မှုအတွက် လက်ရွေးစင်အသင်းနည်းပြ ရွိုင် ဟဒ်ဆန်က ချီးကျူးလိုက်ပြီး ဆောင်းရာသီ အနားပေးမှု အလားအလာအတွက် ပထမခြေလှမ်းဖြစ်သည်ဟု ပြောကြားလိုက်သည်။
ဘွန်ဒစ်လီဂါအပါအ၀င် အခြားသော ဥရောပလိဂ်များက ဆောင်းရာသီ အနားရချိန်တွင် ပရီးမီးလိဂ်အသင်းများမှာ ပြိုင်ပွဲများကို အဆက်မပြတ် ယှဉ်ပြိုင်နေရပြီး ထိုအတွက် ကစားသမားများနှင့် နည်းပြများက ဝေဖန်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြသည်။
FA ကမူ FA ဖလား နောက်ဆုံး ၈ သင်းအဆင့်မှစ၍ ပြန်ကန်ပွဲစဉ်များကို ကစားရတာ့မည်မဟုတ်ဟု ယမန်နေ့တွင် ကြေငြာခဲ့သည်။
“ဒါဟာ ဆောင်းရာသီအနားပေးမှု ဖြစ်နိုင်ချေအတွက် ဆောင်ရွက်လိုက်တာပါပဲ။ အဲဒီအနားပေးမှုဟာ တစ်ခြားမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ စိတ်တွေ လန်းဆန်းစေဖို့ပါ။ ဒီလိုဆောင်ရွက်မှုဟာ အပြုသဘောဆောင်တဲ့ ဆောင်ရွက်မှု ဖြစ်တယ်ဆိုတာ သံသယမရှိပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒီပြန်ကန်ပွဲစဉ်တွေဟာ ကျွန်တော်တို့ ဆောင်းရာသီအနားမရအောင် ပိတ်ဆို့ထားတဲ့ အရာတွေထဲ တစ်ခု ဖြစ်လို့ပါပဲ” ဟု အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဟဒ်ဆန်က ပြောကြားခဲ့သည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA မှာ ပြည်တွင်းလိဂ်ပြိုင်ပွဲများအတွက် ဆောင်းရာသီ အနာပေးရန် ကိစ္စကိုလည်း ဆွေးနွေးနေသည်ဟု သိရသည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.