သြဂုတ် ၆၊ ၂၀၁၆
M-Media
– ပရီးမီးယားလိဂ်ဖလားကို ရရှိပြီး နောက်ရာသီတွင် ရလဒ်များဆိုးရွားခဲ့သည့် ချယ်ဆီးအသင်းကဲ့သို့ အဖြစ်မျိုး မိမိအသင်းက ဖြစ်မည်မဟုတ်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။
၂၀၁၄-၁၅ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သည့် ချယ်ဆီးမှာ ပြီးခဲ့သည့် ရာသီတွင် ၃၈ ပွဲကစား ၁၂ ပွဲသာ အနိုင်ရကာ အဆင့် ၁၀ ဖြင့် ရာသီသိမ်းခဲ့ပြီး မော်ရင်ဟိုမှာလည်း ဒီဇင်ဘာတွင်ပင် အထုတ်ခံခဲ့ရသည်။
ပြီးခဲ့သည့်ရာသီတွင် လက်စတာအသင်း ပရီးမီးယားလိဂ်ဖလားကို အံ့ဖွယ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ရာနီယေးရီကမူ မိမိတို့မှာ ချယ်ဆီးကဲ့သို့ ဖြစ်မည်မဟုတ်ဟု ဆိုသည်။
“ကျွန်တော် တစ်ခုခုကို တည်ဆောက်ပြီးပြီဆိုရင် အဲဒါက ဘယ်တော့မှ မပျက်ဆီးတော့ပါဘူး။ ကျွန်တော့်ရဲ့နည်ဗျူဟာက ဒီအသင်းကို ဂရုစိုက်သွားဖို့ပါ။ အခြားအသင်းကို မဟုတ်ပါဘူး။ ဒီတော့ ဘာဖြစ်လဲဆိုတာ အရေးကြီးပါတယ်။ ကျွန်တော့်ရဲ့ အသင်းလေးဟာ တော်တော်းလေးကို သန့်သန့်ပြန့်ပြန့်ရှိပါတယ်။ ပထမအဆင့်၊ ဒုတိယအဆင့်တွေကို ကျွန်တော်ဟာ ဖြည်းဖြည်းချင်း တည်ဆောက်ခဲ့ရတာပါ။ ဒ့ါကြောင့် အုတ်မြစ်က ခိုင်မာပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့၏ အောင်မြင်မှုများကို မေ့ထားကာ ထိုထက်ပိုသော အောင်မြင်မှုကို ရယူရန် ကစားသမားများအား တိုက်တွန်းထားသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.