သြဂုတ် ၁၇၊ ၂၀၁၆
M-Media

– အမေရိကန်က အာကာသ စူးစမ်းလေ့လာရေးဌာန နာဆာဟာ အင်္ဂါဂြိုဟ်သွားဖို့နဲ့ စကြာဝဠာကြီးကို ပိုပြီး နက်နက်ရှိုင်းရှိုင်း လေ့လာဖို့ သူတို့ရဲ့ စီမံကိန်းမှာ အရေးပါတဲ့အဆင့် ဖြစ်လာမယ့် အစီအစဉ်တစ်ခုကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ထုတ်ဖော်ကြေငြာလိုက်ပါတယ်။
ဒါကတော့ လအနီးမှာ အာကာသစခန်းတစ်ခုဆောက်ပြီး အာကာသယာဉ်မှူးတွေကို ထားဖို့ပါပဲ။ Next Space Technologies for Exploration Partnerships-2 (NextSTEP-2) လို့ အမည်ပေးထားတဲ့ အဲဒီစီမံကိန်းဟာ ယူရို ၆၅ သန်းလောက် ကုန်ကျမှာဖြစ်ပြီး အာကာသ စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။
အဲဒီ အာကာသစခန်းရဲ့ မျှော်လင့်ချက်ကတော့ အင်္ဂါဂြိုဟ်သွားမယ့် ခရီးစဉ်အတွက် စမ်းသပ်ရာနေရာဖြစ်လာမယ့် လကမ္ဘာအနီးက အာကာကခရီးစဉ်တွေကို အထောက်အကူဖြစ်စေဖို့ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီအာကာသစခန်းကို မြေပြင်မှာ ပုံတူလုပ်မှာဖြစ်ပြီး စခန်းရဲ့ ဒီဇိုင်းနဲ့ အာကာသထဲရောက်သွားတဲ့အခါ ဘယ်လိုကိုင်တွယ်လည်ပတ်မလဲ ဆိုတာကို စမ်းသပ်သွားမှာပါ။
လက်ရှိအသုံးပြုနေပြီး ကမ္ဘာပတ်လမ်းကြောင်းမှာရှိနတဲ့ နိုင်ငံတကာအာကသစခန်းလိုပဲ အခု လအနားမှာ တည်ဆောက်မယ့် ဒီအာကာသစခန်းဟာ အာကာသယာဉ်မှူးတွေရဲ့ ကွန်းခိုရာနေရာတင်မကဘဲ သုတေသနတွေပါ ပြုလုပ်နိုင်မယ့် နေရာတစ်ခုဖြစ်မယ်လို့ ဆိုပါတယ်။
နာဆာကတော့ ဒီ အာကာသစခန်းရဲ့ ဒီဇိုင်းမှာ ပင်မယာဉ်နဲ့ ချိတ်ဆက်နိုင်စွမ်း၊ အသက်ရှင်ရပ်တည်ရေးစနစ်၊ ဓာတ်ရောင်ခြည် ကာကွယ်ရေးစနစ်၊ စောင့်ကြည့်ရေးစနစ်၊ ဘေးန္တရာယ်ကင်းရှင်းရေး နည်းပညာ၊ အာကာသယာဉ်မှူးတွေရဲ့ ကျန်မာရေးစောင့်ရှောက်မှုစနစ်တွေအပါအ၀င် ဆန်းပြားတဲ့ စနစ်တွေကို ပေါင်းစည်းအသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Ref : RT
Leave a Reply
You must be logged in to post a comment.