စက်တင်ဘာ ၂၄၊ ၂၀၁၆
M-Media
– အမေရိကန်အင်တာနက်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Yahoo က ၂၀၁၄ ခုနှစ်အတွင်း အသုံးပြုသူ သန်း ၅၀၀ ကျော်၏ သတင်းအချက်အလက်များမှာ အစိုးရကျောထောက်နောက်ခံပြုထားသည့် ဟက်ကာများ၏ ခိုးယူမှုကို ခံခဲ့ရသည်ဟု ပြောကြားလိုက်ပြီး ဆိုက်ဘာတိုက်ခိုက်မှုသမိုင်းတွင်း အကြီးမားဆုံး ဖောက်ထွင်းခံရမှုလည်း ဖြစ်သည်။
ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် Yahoo က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ ခိုးယူခံရသည့် သတင်းအချက်အလက်များတွင် အမည်များ၊ အီးမေးလ်လိပ်စာများ၊ မွေးသက္ကရာဇ်များ၊ password များ၊ လုံခြုံရေးမေးခွန်းနှင့် အဖြေများ ပါဝင်နိုင်ဖွယ်ရှိသည်ဟုလည်း ဆိုသည်။
သို့သော် အွန်လိုင်း ငွေကြေးစာရင်းများ၊ ဘဏ်စာရင်းများနှင့် ပတ်သက်သည့် password များ၊ သတင်းအချက်အလက်များ ပါဝင်ခြင်းမရှိဟု အခိုင်အမာ ပြောကြားခဲ့ပြီး၊ အဆိုပါကိစ္စနှင့်ပက်သက်၍ ဥပဒေစိုးမိုးရေးအဖွဲ့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
လေ့လာဆန်းစစ်သူများကမူ အဆိုပါ ဖောက်ထွင်းခိုးယူသွားခဲ့သည့် အချက်အလက်များမှာ အခြားသော ၀ဘ်ဆိုက်များတွင်
ဝင်ရောက်အသုံးပြုရန် ဖြစ်နိုင်သည်ဟု ယူနေသည်။ ထိုကဲ့သို့ အသုံးပြုသူပေါင်း သန်း ၅၀၀ ၏ အချက်အလက်များကို ခိုးယူမှုမှာ ဆိုက်ဘာတိုက်ခိုက်မှုသမိုင်းတွင် အကြီးမားဆုံးဖြစ်သည်။
ထိုတိုခိုက်မှုများကို များသောအားဖြင့် အစိုးရကျောထောက်နောက်ခံပြု ဟက်ကာအဖွဲ့များမှ ပြုလုပ်ခြင်းဖြစ်ပြီး၊ အမေရိကန်အစိုးရမှာ အင်တာနက်ကုမ္ပဏီများမှာ အသုံးပြုသူများ၏ အချက်အလက်များကို တောင်းယူမှုများ မကြာခဏ ရှိခဲ့သည်။
ယခုနှစ်အစောပိုင်းက လုံခြုံရေးဆိုင်ရာ သုတေသနပညာရှင်တစ်ဦးက အွန်လိုင်းအကောင့်ပေါင်း သန်း ၂၀၀ ၏ အချက်အလက်များကို အွန်လိုင်းတွင် ရောင်းချရန် ကမ်းလှမ်းမှုများ ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
Yahoo ကမူ အသုံးပြုသူများအနေဖြင့် မိမိတို့အကောင့်များ၏ သံသယဖြစ်ဖွယ် အနေအထားများကို သုံးသပ်မှုများပြုလုပ်ရန်နှင့် password များကို ပြောင်းလဲရန် ထည့်သွင်း တိုက်တွန်းခဲ့သည်။
Ref : Presstv


Leave a Reply
You must be logged in to post a comment.