စက်တင်ဘာ ၂၉ ၊ ၂၀၁၆
M-Media
ရဲသူရိန်
(စက်တင်ဘာ ၂၉) ကြာသပတေးနေ့တွင် ဆယ်ကျော်သက် ဘလော့ဂါတစ်ဦးဖြစ်သူ Amos Yee ဟာ မွတ်စလင်တွေရဲ့ ဘာသာရေးဆိုင်ရာ ခံယူချက်တွေကို ထိခိုက် နစ်နာအောင် လုပ်မှု့နဲ့ ထောင်ဒ ဏ် ခြောက်ပတ်နဲ့ ငွေဒဏ် နှစ်ထောင်ကို ကျခံခဲ့ရပါတယ်။
အကြောင်းကတော့- သူဟာ မွတ်စလင်တွေကို တမင်သတ်သတ်စော်ကားထားတယ်ဆိုတဲ့ ဓာတ်ပုံ တစ်ပုံနဲ့ ဗီဒီယို နှစ်ခုကို ပြုလုပ်ပြီး အွန်လိုင်းပေါ်ကို တင်ခဲ့ပြီးတဲ့နောက်မှာ အဆိုပါ အသက် (၁၇) အရွယ် ဆယ်ကျော်သက် လူငယ်ဟာ ဗုဒ္ဓဟူးနေ့က တရား ရုံးမှာ အပြစ်ရှိတယ်လို့ ၀န်ခံခဲ့ပါတယ်။
လွန်ခဲ့တဲ့လက၊ ယီးဟာ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေအပေါ်မှာ ဘာသာ၊သာသနာကို ညှိုးနွမ်းအောင်လုပ်မှု့ သုံးမှု့အပြင် တရားရုံးကိုလည်း လာရောက်ရန်ပျက်ကွက်မှု့ နှစ်မှု့အတွက်လည်း အပစ်ရှိကြောင်း ၀န်ခံခဲ့ပါတယ်။ သူ့ကိုတရားစွဲဆိုစဉ် ကာလအတွင်း၊ သူရင်ဆိုင်နေရတဲ့ ဘာသာ၊သာသနာညှိုးနွမ်းမှု့ အမှု့အတွက် စုစုပေါင်းရုံးချိန်းခြောက်ခုမှာ ရဲအမှု့ထမ်း ၂၄ ယောက်က ရုံး တော်သို့ လာရောက်ပြီး သူ့မှာ အပြစ်ရှိကြောင်း သက်သေထွက်ဆိုခဲ့ကြပါတယ်။
Yee ဟာ ရဲစခန်းက လာရောက်စစ်ဆေးခံဖို့ ဆင့်ခေါ်စာရပြီးနောက် နှစ်ရက်မြောက်မှာ မနှစ်က ဒီဇင်ဘာ -၁၃ရက်နေ့က တည်းက စင်ကာပူကနေ ထွက်ခွာသွားခဲ့ပါတယ်။ ဟောင်ကောင်ကို ခရီးထွက်ခွာသွားခဲ့ပြီးနောက် ရဲစခန်းက သတိပေး နို့တစ်စာ ပေးပို့ခဲ့တာနဲ့ ပတ်သက် ပြီး သူအဲဒီကနေ ပိုစ်ပေါင်းများစွာ တင်ခဲ့ပါတယ်။
ဒီနှစ် ဧပြီလအတွင်း သူပြန်လာစဉ်မှာ၊ ရဲတပ်ဖွဲ့က Yee ကို နောက်ထပ် ဆင့်ခေါ်စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ မေလ ၁၁ရက်နေ့၊ ဒီတစ်ကြိမ် ရဲစခန်းမှာ စုံစမ်းစစ်ဆေးရေးမလုပ်ခင်တစ်ရက်အလိုမှာ Yee က တိုင်းပြည်ကနေ ထွက်ပြေးဖို့ ကြိုး စားခဲ့ပါသေးတယ်။ တရားခံ ဘလော့ဂါသမားဟာ မနှစ်က အလားတူ အမှု့မျိုးနဲ့လည်း ထောင်ဒဏ် လေးပတ် ချမှတ်ခံခဲ့ရပါသေးတယ်။
ref: Channel News Asia
Leave a Reply
You must be logged in to post a comment.